Homeသတင်းမွန်ပြည်နယ်တွင် စက်သုံးဆီဈေး ပြန်မြင့်တက်၊ အခြားဒေသထက် ဈေးပိုများနေဆဲ

မွန်ပြည်နယ်တွင် စက်သုံးဆီဈေး ပြန်မြင့်တက်၊ အခြားဒေသထက် ဈေးပိုများနေဆဲ

-

မွန်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး၊ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် စက်သုံးဆီဈေးနှုန်း ပိုများနေဆဲဖြစ်သည်။

ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ စက်သုံးဆီတင်သွင်းသိုလှာင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းအရ မွန်ပြည်နယ်တွင် စက်သုံးဆီ ၉၂ တစ်လီတာ ၃၅၅၀ ကျပ်ဖြစ်ပြီး ယခင်ဈေးနှုန်းထက် ၁၁၅ ကျပ်၊ ၉၅ တစ်လီတာ ၃၆၃၅ ကျပ်ဖြစ်ပြီး ယခင်ဈေးနှု်နးထက် ၁၃၅ ကျပ်မြင့်တက်သွားသည်။

၎င်းပြင် ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာ ၄၀၈၀ ကျပ်ဖြစ်ပြီး ယခင်ဈေးနှု်နးထက် ၄၁၅ ကျပ်၊ ဒီဇယ်ဆီ (ပရီးမီးယံ) တစ်လီတာ ၄၅၉၅ ကျပ်ဖြင့် ယခင်ဈေးနှု်နးထက် ၄၅၀ ကျပ် မြင့်တက်လာသည်။

မွန်ပြည်နယ် စက်သုံးဆီ‌စျေးနှုန်းသည် အခြားပြည်နယ်နှင့် တိုင်းဒေသထက် ပိုများနေပြီး စက်သုံးဆီအမျိုးအစားအလိုက် ကျပ်ဆယ်ဂဏန်းကနေ ကျပ် ၄၀၀ ကျော်အထိ စျေးပိုများနေသည်။

မွန်ပြည်နယ်တွင် အခြားပြည်နယ်နှင့် တိုင်းဒေသထက် စျေးပိုများရခြင်းသည် စက်သုံးဆီတင်သွင်းနေသည့် Importer များ ရန်ကုန် သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သွင်းသော Importer များကဲ့သို့ နိုင်ငံတော်က ဒေါ်လာ မရောင်းပေးသည့်အတွက် Importer က ကိုယ်ပိုင်ဒေါ်လာဖြင့် စက်သုံးဆီတင်သွင်းနေရကြောင်း၊ ဒေါ်လာကိုလည်း နိုင်ငံတော်က ရောင်းချပေးသည့် သတ်မှတ်ဈေးနှုန်းဖြင့်ဝယ်ယူခွင့်မရသည့်အတွက် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးဝယ်ယူနေရသောကြောင့်ဟု မွန်ပြည်နယ် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရေးအသင်းထံမှ သိရသည်။

၎င်းပြင် ဇူလိုင်လ ဒုတိယအပတ်ကစပြီး မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု တစ်ကျော့ ပြန်လည်ကြုံတွေ့နေရပြီး ပြင်ပစက်သုံးဆီ မှောင်ခိုစျေးကွက်လည်း ပြန်ပေါ်လာသည်။

“စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဝင်မဝင်လို့ဆိုပြီး အရောင်းပိတ်ထားကြတယ်။ ဆိုင်တွေမှာ ဝယ်မရတော့ အပြင်မှာ ဝယ်ကြရတယ်။ ပြင်ပမှောင်ခိုဈေးကွက်မှာဆိုရင် ဓါတ်ဆီတစ်လီတာကို တစ်သောင်းကျပ်လောက်ပေးပြီး ဝယ်သုံးနေကြရတယ်” ဟု သုံးစွဲသူတစ်ဦးက ပြောသည်။

စက်သုံးဆီ အရောင်းဆိုင်ကြီးများက စက်သုံးဆီထုတ်ယူခွင့် (PO) ထောက်သွားသည့်အတွက် စက်သုံးဆီထုတ်ယူခွင့်မရကြလို့ အရောင်းဆိုင်များသို့ စက်သုံးဆီ ဝင်ရောက်ခြင်းမရှိသည့်တွက် အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

တဘက်မှာလည်း မွန်ပြည်နယ်အတွင်းက စက်သုံးဆီဈေးနှုန်းများ ကျဆင်းရေးအတွက် နည်းလမ်းများရှာကျန်ပြီး ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည် ပြည်နယ် စစ်အစိုးရက ပြောဆိုထားသော်လည်း လက်တွေ့ မြေပြင်တွင် စစ်သုံးဆီပြဿနာကို စစ်အစိုးရက ဖြေရှင်းနိုင်ခြင်း မရှိပေ။

၎င်းပြင် စက်သုံးဆီပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မွန်ပြည်နယ်အတွက် စက်သုံးဆီးကို ရန်ကုန်မြို့ (သီလဝါ) ဆိပ်ကမ်းမှ ပြန်လည် ဝယ်ယူခွင့် ပြုပေးရန် အစီအစဉ်ကိုလည်း ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် မရှိသေးဘူးဆိုပြီး ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက လွှတ်တော်တွင် ဖြေကြားထားသည်။

လက်ရှိတွင်လည်း စက်သုံးဆီအရောင်းဆိုင်များအတွက် စက်သုံးဆီခွဲတမ်းများ ဓါတ်ဆီ ၂၀ ရာခိုင်နှုန်းခန့် ဒီဇယ်ဆီ ၁၀ ရာခိုင်နှုန်းခန့် လျော့ချလိုက်သည့်အတွက်ကြောင့် Supply နှင့် Demand မမျှဖြစ်နေသည့်အတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်မြင်ထားပြီး လုပ်ကိုင်နေကြသည်။ စက်သုံးဆီများကို မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတဆင့် မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts