Homeသတင်းတရားဝင်လိုင်စင်စောင့်ဆိုင်းနေရသဖြင့် မြဝတီ အမှတ် (၂)တံတားမှ ကုန်သွယ်ရေးမလည်ပတ်နိုင်

တရားဝင်လိုင်စင်စောင့်ဆိုင်းနေရသဖြင့် မြဝတီ အမှတ် (၂)တံတားမှ ကုန်သွယ်ရေးမလည်ပတ်နိုင်

-

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားကို စစ်ကော်မရှင်ဘက်မှ တရားဝင် ပို့ကုန်သွင်းကုန်လိုင်စဉ်များ မထုတ်ပေးသဖြင့် ဒေသတွင်းကုန်သွယ်မှု ရပ်တန့်နေဆဲဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

အမှတ်(၂) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ပြီးနောက် ကုန်သည်အများစု တရားဝင်ကူးသန်းရောင်းဝယ်ခွင့်ရရှိရေး လိုင်စင်များ လျှောက်ထားသော်လည်း  သက်ဆိုင်ရာ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှခွင့်ပြုပေးရန်ကြန့်ကြာနေသည်ဟု မြဝတီကုန်သည်တစ်ဦးက ဆိုသည်။

“တံတား ဖွင့်ပြီးတဲ့နောက်မှာ တရားဝင်လိုင်စင်လည်း မချရသေးဘူးဆိုတော့ အရင်လိုင်စင်ရထားတဲ့သူတွေပဲ တင်ဆောင်နေကြတယ်။ အကယ်လို့ မြန်မာဘက်က တရားဝင်လိုင်စင်ချပြီးမှ စိတ်ကြိုက်သွားလာ သယ်ဆောင်ခွင့်ချပြီးမှ နယ်စပ်ကုန်သွယ်ရေးက အဆင်ပြေလာမယ်ထင်တယ်။ ” ဟု ပြောသည်။

နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ထိန်းချုပ်ရန် ထုတ်ပြန်သည့် မူဝါဒများကြောင့် စီးပွားရေး ကုတ်ထုတ်လုပ်မှုအပေါ် ရိုက်ခတ်မှုရှိလာသည်ဟုလည်း ကုန်သည်များသုံးသပ်ကြသည်။

ထို့ကြောင့် တရားမဝင်ကုန်သွယ်ရေး ကြီးထွားနေဆဲဖြစ်ပြီး  အချိန်နှောင့်နှေးမှုနှင့် ကုန်ကျစရိတ် မြင့်တက်မှုများကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့အပြင် မြဝတီ-ကော့ကရိတ်-ဘားအံ လမ်းကြောင်းတစ်လျှောက် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းတင်ဆောင် လာသည့် ယာဉ်များကိုလည်း စစ်ကော်မရှင်တပ်တို့က နေ့စဉ်နီးပါး ဖမ်းဆီးစစ်ဆေးမှုများ ရှိနေသည်ဟု နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။

“မြဝတီကနေ ဆင်းလာတဲ့ ပစ္စည်းတွေဆို တော်တော်စစ်တယ်။ ထိုင်းပစ္စည်းတွေ တွေ့တာပဲ သိမ်းပြီး ဖမ်းတာပဲ၊ အချို့က ငွေနဲ့ပြန်ရွေးလို့ရတယ်။ အချို့ကတော့ သိမ်းခံထိတာပဲ”ဟု ၎င်းက ဆိုသည်။

ထိုသို့ ဖမ်းဆီးမှုများသည် ပုံမှန်အခွန်ကောက်ခံရရှိသည့် ငွေကြေးထက် ပိုမိုရရှိနိုင်သည့် အကျိုးအမြတ် များကြောင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကုန်သည်အချို့က ပြောသည်။

အမှတ်(၂) တံတားသည် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး၏ အဓိကကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်ပြီး ထိုင်းနိုင်ငံမှ လူသုံးကုန်၊ စားသောက်ကုန်နှင့် စက်မှုကုန်ကြမ်းအများအပြား ဝင်ရောက်ရာ လမ်း ကြောင်းလည်း ဖြစ်သည်။

ယခင်က နယ်မြေလုံခြုံရေးအခြေအနေများကြောင့် (၁၀) လကြာ ပိတ်ထားခဲ့ရာ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Thai PBS North သတင်းမှလည်း ထိုင်းကုန်စည်များ ပိတ်ဆို့မှု ဆက်လက်ကြန့်ကြာနေခြင်းအပေါ် သက်ဆိုင်ရာ အစိုးရအနေဖြင့် ဖြေရှင်းပေးရန်နှင့် ကန့်သတ်ချက်မူဝါဒများ ပြန်လည်သုံးသပ်ပေးရန် ထိုင်းလုပ်ငန်းရှင်များဘက်မှ တောင်းဆိုထားခြင်းရှိကြောင်း ဖော်ပြထားသည်။

မြဝတီနယ်စပ်မှ သွင်းကုန်အနေဖြင့် ထိုင်းဘတ်ငွေ ၆၂၀ တန်ဖိုးရှိသည့် သွင်းကုန်လိုင်စင်ခွင့်ပြုထားပြီး ကုန်ပစ္စည်းအများစုသည် စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုထုတ်ကုန်ကြမ်းများဖြစ်သည်ဟု စစ်အုပ်စုလက်ရောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနမှ ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်သည်။

မြေပြင်တွင် ပို့ကုန်သွင်းကုန်လိုင်စင် ပိတ်ထားဆဲဖြစ်ပြီး စစ်ကော်မရှင်အဖွဲ့နှင့် ပတ်သတ်ဆက်နွယ်သူများ သွင်းကုန်ပို့ကုန်လိုင်စင်များ ချပေးနေကြောင်းလည်း ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts