Homeသတင်းဘီးလင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲ အမျိုးသမီး သုံးဦး ဒဏ်ရာရ

ဘီးလင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲ အမျိုးသမီး သုံးဦး ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွားကာ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်က ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်၊ ကင်းတဲလမ်းအနီးတွင် သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့သည်။

သစ်ပင်လဲကျမှုကြောင့် အမျိုးသမီး သုံးဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံခဲ့ကြရသည်ဟု ဆိုသည်။

ဇူလိုင်လ ၆၊ ၇ ရက်နေ့တွင်လည်း မိုးသည်ထန်စွာ ရွာသွန်းခြင်းနှင့်အတူ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်နှင့် ပေါင်မြို့၊ ကဒါရပ်ကွက်၊ ကဒုံစီးရပ်ကွက်တို့တွင် လေပြင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်ဆိပ်ရပ်ကွက်တွင် နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးပြီး ပေါင်မြို့၊ ကဒါရပ်ကွက်၊ ကဒုံစီးရပ်ကွက်တို့တွင် ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၇၀ ကျော် ထိခိုက်ပျက်စီးသွားခဲ့သည်။

လေပြင်းကြောင့် သံဃာတော် နှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် သစ်ပင်လဲကျတာ၊ ဓာတ်တိုင်လဲကျမှုများလည်း ဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

Photo credit – Myanmar Fire Services Department

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts