Homeသတင်းပေါင်မြို့တွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သံဃာတော်အချို့ထိခိုက်ဒဏ်ရာရ

ပေါင်မြို့တွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သံဃာတော်အချို့ထိခိုက်ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ည ၇ နာရီကျော်ဝန်းကျင်၌ လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်မှုဖြစ်ခဲ့ပြီး နေအိမ်ပျက်စီးမှုနှင့် သံဃာအချို့ ထိမှုရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

လေပြင်းအသံ ကျယ်ကျယ်လောင်လောင်ကြားရပြီးနောက် ကဒါမြို့သစ်ရပ်ကွက် ၅ လမ်းမှ ၁၃ လမ်းအထိ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။

ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများ၊ အစိုးရရုံးများ၊ နေအိမ်များ၊ အဆောက်အအုံများပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ သံဃာတော်အချို့လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ ပျက်စီးမှုတော်တော်များတယ်။ ထိခိုက်သူလဲရှိနေတယ်။ နေအိမ်၊ စာသင်ကျောင်း၊ သမဝါယမရုံးတွေ စိုက်ပျိုးရေးအဆေက်အအုံတွေ အများကြီးပဲ အခုကယ်ဆယ်ရေးတွေရှင်းနေတုန်း အရေအတွက်အတိကျတော့မသိသေးဘူး” ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒေသခံ လူမှုကူညီရေးအသင်းနှင့်အတူ မော်လမြိုင်မြို့ပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်ဦးစီးဌာနမှ အဖွဲ့ဝင်များ၊ ပူးပေါင်းကာ ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုံ-လူမှုကူညီရေးအသင်း

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts