Homeသတင်းမြန်မာလုပ်သား ၃ ဦး ပစ်သတ်ခံရသည့်ကိစ္စ ဘက်လိုက်မှုမရှိဘဲ စုံစမ်းစစ်ဆေးမည်ဟု ထိုင်းရဲတပ်ဖွဲ့ဆို

မြန်မာလုပ်သား ၃ ဦး ပစ်သတ်ခံရသည့်ကိစ္စ ဘက်လိုက်မှုမရှိဘဲ စုံစမ်းစစ်ဆေးမည်ဟု ထိုင်းရဲတပ်ဖွဲ့ဆို

-

ထိုင်းနိုင်ငံ၊ ချာချိုးဆောင်းခရိုင်၌ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဘက်လိုက်မှုမရှိဘဲ  စုံစမ်းစစ်ဆေးမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ ညပိုင်းတွင် ချာချိုးဆောင်းခရိုင်၊ ဖနွန်စာရခမ်‌ဒေသအတွင်းရှိ မြန်မာလုပ်သားများနှင့် ကျေးရွာလုံခြုံရေးအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားပြီးနောက် မြန်မာလုပ်သားများ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

ကျေးရွာလုံခြုံရေးတီရာဖတ်၏ ပစ်ခတ်မှုကြောင့် မြန်မာလုပ်သား ၃ ဦးသည် ခန္ဓာကိုယ်အနှံ့ သေနတ်ဒဏ်ရာ အမြောက်အမြား ရရှိကာ အခင်းဖြစ်ပွားရာ နေရာမှာတင် သေဆုံးသွားခဲ့သည်။

တစ်ဖက်တွင်လည်း မြန်မာလုပ်သားများ၏ တိုက်ခိုက်မှုကြောင့် ဓားဒဏ်ရာနှင့် ပုလင်းဖြင့် ရိုက်နှက်ခံရသည့် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သည့် ထိုင်းအမျိုးသား ပီချိုင်ကို ဖနွန်ဆာရာခမ်ဆေးရုံသို့ ပို့ဆောင်ထားရသည်။

သေဆုံးသွားသည့် မြန်မာလုပ်သား ၃ ဦးသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့၏ အထောက်အထားများကို ဖနွန်စာရခမ်ရဲစခန်းက ဆက်လက် စိစစ်နေဆဲ ဖြစ်သည်။

ရန်ပွဲအတွင်းပါဝင်သူ မြန်မာလုပ်သားများကို ခေါ်ယူစစ်ဆေးကာ ကိုယ်ရေးအချက်အလက်များကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အခင်းဖြစ်ပွားရာနေရာတွင် သေနတ် ၁ လက်၊ ၉ မမ သေနတ်ကျည်ခွံ ၁၆ခုနှင့် ဓား ၁ ချောင်း တွေ့ရှိခဲ့ပြီး လက်ရှိတွင် သိမ်းဆည်းရသည့် သက်သေခံပစ္စည်းများကို ရဲတပ်ဖွဲ့က မှုခင်းဆေးပညာဌာနသို့ ပို့ဆောင်ကာ ဗီဒီယိုမှတ်တမ်းများနှင့် DNA စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

 သေနတ်သမား၏ ထွက်ဆိုချက်အတိုင်း မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်း ဟုတ်မဟုတ်နှင့် အခြေအနေထက် ကျော်လွန်ကာ ပစ်ခတ်ခြင်း ရှိမရှိကို ဆုံးဖြတ်ရန် မျက်မြင်သက်သေများကိုလည်း စစ်ဆေးနေဆဲဖြစ်သည်။

တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ရှိစေရန်အတွက် နှစ်ဖက်စလုံး၏ ထွက်ဆိုချက်များကို ဘက်လိုက်မှုမရှိဘဲ စုံစမ်းစစ်ဆေးသွားမည်ဟု ထိုင်းအာဏာပိုင်ဘက်က ပြောဆိုထားသည်။

ကိုးကား-khaosod 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts