Homeသတင်းထိုင်းတော်ဝင်မင်းသမီး ပါဂျာရကီတီယာဗာ ကွယ်လွန်ခြင်းအပေါ် NMSP ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်

ထိုင်းတော်ဝင်မင်းသမီး ပါဂျာရကီတီယာဗာ ကွယ်လွန်ခြင်းအပေါ် NMSP ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်

-

မွန်ပြည်သစ်ပါတီ (NMSP) မှ ကွယ်လွန်သွားသော ထိုင်းတော်ဝင်မင်းသမီးကြီး ပါဂျာရကီတီယာဗာအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီအနီးရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တပ်ရင်း (၅) တွင် ကျင်းပခဲ့သည်။

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာအပါအဝင် တာဝန်ရှိသူများ၊ ဆရာ၊ ကျောင်းသားများနှင့် ဒေသခံရွာသားများ တက်ရောက်ပြီး တော်ဝင်မင်းသမီး၏ ဓာတ်ပုံရှေ့တွင် ဂါရဝပြုခြင်းနှင့် ဝမ်းနည်းကြောင်း သဝဏ်လွှာဖတ်ကြားခြင်းများ ပြုလုပ်ခဲ့သည်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာမှ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် မင်းသမီးကြီး ကွယ်လွန်မှုသည် ဘုရင်မင်းမြတ်၊ တော်ဝင်မိသားစုနှင့် ထိုင်းပြည်သူများအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပြီး မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူတစ်ရပ်လုံးက ထပ်တူထပ်မျှ အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြထားသည်။

ထို့အပြင် မင်းသမီး ပါချရကီတီယာဗာသည် ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သော မင်းသမီးကြီး၏ လုပ်ရပ်များကို ချီးကျူးထားပြီး၊ သူမ၏ စံပြလုပ်ဆောင်ချက်များသည် ထိုင်းနိုင်ငံရောက် မွန်လူမျိုးများအပါအဝင် လူအများအတွက် အတုယူစရာ ဖြစ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာ ချီးကျူးဂုဏ်ပြုခဲ့သည်။

ထို့ကြောင့် ထိုင်းတော်ဝင်မင်းသမီး ပါဂျာရကီတီယာဗာ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းနှင့် အောက်မေ့သတိရကြောင်း ဖော်ပြရန်အတွက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေအသီးသီးရှိ ရုံးဌာနများနှင့် ရပ်ရွာများတွင် အလံတစ်ဝက်ချရန် ညွှန်ကြားထားသည်။

ကိုးကား -SWT. Sangkhlaburi

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts