Homeသတင်းမြန်မာဒုက္ခသည်များ အလုပ်လုပ်ခွင့် သက်သေခံကတ်ပြား စတင်လက်ခံရရှိ

မြန်မာဒုက္ခသည်များ အလုပ်လုပ်ခွင့် သက်သေခံကတ်ပြား စတင်လက်ခံရရှိ

-

ထိုင်း-မြန်မာနယ်စပ်၊ ဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များ စခန်းပြင်ပအလုပ်လုပ်ကိုင်ခွင့်ရရှိနိုင်မည့် သက်သေခံကတ်ပြားများ စတင်လက်ခံရရှိနေပြီးဖြစ်ကြောင်း ထိုင်းသတင်းဌာန The Reporters ၏ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် ထိုင်းအစိုးရက ရာ့ချ်ဘူရီခရိုင်၊ သံဟင်ယာယီခိုလှုံရာစခန်းမှ မြန်မာဒုက္ခသည် ၃၀၀ ကျော်ကို အလုပ်လုပ်ကိုင်ခွင့်ရ သက်သေခံကတ်ပြားများကို ထိုင်းအစိုးရက စတင်ပေးအပ်ခဲ့သည်။

အဆိုပါ သက်သေခံကတ်ပြားသည် ပန်းရောင်ကတ်အမျိုးအစားဖြစ်ပြီး အနောက်ဘက်တွင် QR Code ပါရှိကာ အလုပ်လုပ်ကိုင်ခွင့်ရ Work Permit ကို စကန်ဖတ်၍ စစ်ဆေးနိုင်သည်။

ယင်းအလုပ်လုပ်ကိုင်ခွင့်ရ သက်သေခံကတ်ပြားသည် သက်တမ်း ၁ နှစ်ရှိပြီး အလုပ်သမားများအနေဖြင့် ၁ နှစ်ပြည့်ပါက သက်တမ်းတိုးရမည် ဖြစ်သည်။

ထို့အပြင် ကတ်ပြားကိုင်ဆောင်ထားသူများသည် ထိုင်းအစိုးရမှ သတ်မှတ်ထာသည့် နယ်မြေခရိုင် ၄၃ ခုအတွင်း၌သာ နေထိုင်ရမည်ဖြစ်ကာ အခြားနယ်မြေများသို့ သွားရောက်လိုပါက သက်ဆိုင်ရာခရိုင်အရာရှိထံ ကြိုတင်ခွင့်ပြုချက်တောင်းခံရမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူများသည် မြန်မာဒုက္ခသည်များ တရားဝင်အလုပ်လုပ်ကိုင်ခွင့်အတွက် သက်သေခံကတ်ပြားကို ထုတ်လုပ်ပေးရန် လုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့သည်။

ထိုင်းအစိုးရအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း မြန်မာဒုက္ခသည်စခန်းများတွင် ယာယီခိုလှုံနေသူများကို ပြင်ပထွက်အလုပ်လုပ်ခွင့်ပြုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရာ့ချ်ပူရီ၊ တာ့ခ်၊ မယ်ဟောင်ဆောင်နှင့် ကန်ချနပူရီခရိုင် ၄ ခုတို့တွင် စုစုပေါင်းဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည် ၇၇, ၃၁၃ ဦးသည် ၁၉၈၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်ရေးပဋိပက္ခကြောင့် တိမ်း‌ရှောင်ခဲ့ကြသည်။

ကိုးကား-The Reporters

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts