Homeသတင်းကမ္ဘာကျော်စူပါစတား စုံလင်စွာဖြင့် ၂၀၂၆ ကမ္ဘာ့ဖလား အမေရိကန်ဖွင့်ပွဲ

ကမ္ဘာကျော်စူပါစတား စုံလင်စွာဖြင့် ၂၀၂၆ ကမ္ဘာ့ဖလား အမေရိကန်ဖွင့်ပွဲ

-

ကမ္ဘာ့ဖျော်ဖြေရေးမြို့တော်ဟု တင်စားရသည့် လော့စ်အိန်ဂျလိစ်မြို့တွင် ဘောလုံးအားကစား၊ ဂီတနှင့် ဖျော်ဖြေရေးကဏ္ဍများကို ကမ္ဘာ့စင်မြင့်ထက်၌ ပေါင်းစပ်ကာ ခမ်းနားထည်ဝါသော ဖွင့်ပွဲအခမ်းအနားတစ်ဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားဖွင့်ပြိုင်ပွဲကို စတင်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာကျော် စူပါစတားများဖြစ်ကြသည့် Katy Perry, Future, Anitta, LISA, Rema နှင့် Tyla တို့က ဦးဆောင်ကာ ထိပ်သီးအနုပညာရှင်များစွာဖြင့် ကမ္ဘာ့ပရိသတ်များအတွက် အားပါးတရ ဖျော်ဖြေတင်ဆက်မှုများဖြင့် ပါဝင်ခဲ့သည်။

FIFA ဥက္ကဋ္ဌ Gianni Infantino ရဲ့ ပြောကြားချက်အရ  ယခုလို မတူကွဲပြားတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေကို စုစည်းလိုက်ခြင်းဟာ အမေရိကန်နိုင်ငံရဲ့ ယဉ်ကျေးမှုစုံလင်ကွဲပြားမှု (Cultural Diversity) နဲ့ ပေါ့ပ်ယဉ်ကျေးမှုအပေါ် ဩဇာညောင်းမှုကို ထင်ဟပ်စေရုံတင်မကဘဲ လူတွေကို စည်းလုံးစေတဲ့ ဂီတရဲ့စွမ်းအားကို သက်သေပြလိုက်တာဖြစ်သည်ဟု ချီးကျူးထားသည်။

လော့စ်အိန်ဂျလိစ်တွင် ကန်သည့် အဖွင့်ပွဲစဉ်တွင် အိမ်ရှင်အမေရိကန် တောင်အမေရိကအသင်း ပါရာဂွေးကို လေးဂိုးတစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရသွားပြီး အုပ်စု D သို့ ဦးဆောင်နိုင်ခဲ့သည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြို့ကြီးသုံးမြို့တွင် ခမ်းနားထည်ဝါသော ဖွင့်ပွဲအခမ်းအနားများဖြင့် ကမ္ဘာ့အကြီးကျယ်ဆုံး အားကစားပွဲတော်ကြီးကို ကျင်းပလျှက်ရှိသည်။

ကိုးကား-FIFA Article

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts