Homeသတင်းလူငယ်များအား စစ်မှုထမ်းလမ်းကြောင်းသို့ ဆွဲခေါ်နိုင်မည့် လူငယ်စင်တာကို မော်လမြိုင်၌ ဖွင့်လှစ်ရန် စစ်အစိုးရစီစဉ်

လူငယ်များအား စစ်မှုထမ်းလမ်းကြောင်းသို့ ဆွဲခေါ်နိုင်မည့် လူငယ်စင်တာကို မော်လမြိုင်၌ ဖွင့်လှစ်ရန် စစ်အစိုးရစီစဉ်

-

စစ်ကော်မရှင်လက်အောက် မွန်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် လူငယ်များအား စစ်မှုထမ်းလမ်းကြောင်းသို့ ဆွဲခေါ်နိုင်မည့် လူငယ်စင်တာတစ်ခုကို မော်လမြိုင်မြို့ မုပွန်းရပ်ကွက်တွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဒေသတွင်းသတင်းအရင်းမြစ်မှတစ်ဆင့်သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့သည် လူငယ်များ၏ ပညာရေး၊ အနုပညာ၊ ဂီတ၊ စာပေ နှင့် အခြားဖန်တီးတီထွင်မှုဆိုင်ရာ စွမ်းရည်များကို မြှင့်တင်နိုင်ရန်အတွက် ငွေကျပ် သန်း ၅၀၀ သုံးစွဲကာ လူငယ်စင်တာတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း မေလ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်အင်အားများစွာလိုအပ်နေသည့် စစ်ကော်မရှင်မှ လူငယ်စွမ်းရည် ဖွံ့ဖြိုးရန်အတွက် လူငယ်စင်တာဖွင့်လှစ်လာခြင်းအပေါ်မွန်လူငယ်အဖွဲ့စည်းများက အယုံကြည်မရှိသလို ဖွင့်လှစ်မည့် လူငယ်စင်တာမှတစ်ဆင့် စစ်မှုထမ်းသင်တန်းတက်ရောက် ရန် သွေးဆောင်ဖြားယောင်မှုများလုပ်ဆောင်လာနိုင်ကြောင်း ဆိုသည်။

၎င်းက “အခုစစ်ကော်မရှင်ကနေ အကောင်ထည်ဖော်နေတဲ့ လုပ်ငန်းစဉ်တိုင်းက လူငယ်တစ်ယောက်အနေနဲ့ယုံကြည်မှုမရှိဘူး။ သူတို့ရဲ့ အကျိုးကိုရှေးရှုပြီးတော့ လုပ်ဆောင်နေတာပဲဖြစ်မယ်။ ဘာကြောင့်ဒီလိုပြောရလဲဆိုရင် ဒီလူငယ်စင်တာ တည်ထောင်တယ်ဆိုတာက လူငယ်အရေး လက်တွေ့ အကောင်ထည်ဖော်မွန်လူငယ်အဖွဲ့စည်းတွေရဲ့အသံ တစ်ခုမပါဝင်နေဘူး။ သူတို့လည်းမဖိတ်ခေါ်ဘူး။” ဟု မွန်လူငယ်အဖွဲ့စည်းမှ တာဝန်ရှိသူအမျိုးသားတစ်ဦးက ဆိုသည်။

ယခုတည်ဆောက်မည့် လူငယ်စင်တာသည် နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၀၂၆ လူငယ်ဖိုရမ်၏ ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုထားသည်။

သို့သော် အဆိုပါဖိုရမ်သို့ မွန်လူငယ်အရေး လက်တွေ့ဆောင်ရွက်နေသူများ တက်ရောက်ခဲ့ခြင်းမရှိသလို၊ မွန်ပြည်နယ်ကိုယ်စား တက်ရောက်ခဲ့သည့် လူငယ်များအနေဖြင့်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်ကိုသာ နားထောင်ခဲ့ရပြီး ဆွေးနွေးဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်မရခဲ့ကြောင်း ပြောဆိုကြသည်။

မော်လမြိုင်ဒေသခံများ၏ ပြောဆိုချက်များအရ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက် လူငယ်များ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာနေပြီး စစ်ဆေးရေးဂိတ်များ၊ ခရီးသွားလာမှုများနှင့် နေ့စဉ်သွားလာလှုပ်ရှားမှုများအတွင်း ဖမ်းဆီးစစ်ဆေးခံရခြင်း သို့မဟုတ် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရခြင်းများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

“လက်ရှိ လူငယ်တွေရဲ့အခြေနေက ဘယ်နေရာမှာ သူတို့(စစ်ကော်မရှင်)ရဲ့လက်အောက်ကနေမလွတ်ဘူး။ စစ်ဆေးရေးဂိတ်မှာ အခန့်မတင့်လို့ အဖွဲ့စုံ စစ်ဆေးရေးအဖွဲ့နဲ့ စုံရင် ပုဒ်မတစ်ခုခုနဲ့စွပ်စွဲတယ်။ ပိုက်ဆံပေးနိုင်ရင် လွှတ်တယ်။ မပေးနိုင်ရင် စစ်မှုထမ်းသင်တန်းရောက်၊ ပေးရမည့် ပိုက်ဆံကလည်း ၄သိန်း ၅သိန်းမဟုတ်ဘူး။ သိန်း ၂၀ သိန်း ၃၀ အထိ သူတို့တောင်းတာ။” ဟု မြိုင်သာယာရပ်ကွက်နေ မော်လမြိုင် ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

ယခုဆောက်လုပ်မည့် လူငယ်စင်တာသည် မုပွန်းရပ်ကွက်ရှိ စစ်တပ်နယ်မြေရဲစခန်းနှင့်နီးကပ်လျက်ရှိသော မြေဧရိယာကို လျာထားကြောင်း မော်လမြိုင်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts