Homeသတင်းကန်ချနဘူရီ နေအိမ်တစ်ခုအတွင်း တရားမဝင်ခိုလှုံနေသည့် မြန်မာနိုင်ငံသား ၄၁ ဦးကို ထပ်မံဖမ်းဆီးရမိ

ကန်ချနဘူရီ နေအိမ်တစ်ခုအတွင်း တရားမဝင်ခိုလှုံနေသည့် မြန်မာနိုင်ငံသား ၄၁ ဦးကို ထပ်မံဖမ်းဆီးရမိ

-

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ပတ်ပရက်ကျေးရွာအုပ်စုရှိ နေအိမ်တစ်ခုအတွင်း တရားမဝင်ဝင်ရောက်ခိုလှုံနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

ဒေသခံများ၏ သတင်းပေးပို့ချက်အရ မေလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထိုင်းလုံခြုံရေးရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကန်ချနဘူရီခရိုင်၊ ပတ်ပရက်ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာမှ တရားမဝင် ပုန်းအောင်းခိုလှုံနေသည့် မြန်မာနိုင်ငံသားများကို တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၄၁ ဦး ပါဝင်ပြီး၊ ၎င်းတို့ကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသားများအား နယ်စပ်ဖြတ်ကျော် ဝင်ရောက်နိုင်ရန် ကူညီပို့ဆောင်ပေးခဲ့သည့် ထိုင်းနိုင်ငံသားလမ်းပြတစ်ဦးကိုလည်း တရားမဝင် နိုင်ငံခြားသားများအား ကူညီမှုဖြင့် ဖမ်းဆီးထားသည်။

ဖမ်းဆီးထားသူများအား စစ်ဆေးမှုဆက်လက်ပြုလုပ်နိုင်ရန်နှင့် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ကန်ချနဘူရီရဲစခန်းသို့ လွှဲပြောင်းထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင် ထောင်ဖာဖွန်မြို့နယ်အတွင်း မော်တော်ယာဉ်တစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သုံးလကြာ စီမံကိန်းဖြင့် တရားမဝင် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေပြီး၊ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ရာနှင့်ချီ ဖမ်းဆီးခံနေရကြောင်း သိရသည်။

ကိုးကား – KhaodenKanNews

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts