Homeသတင်းNUG အထူးတိုင်းစစ်ဌာနကို စစ်တပ် ဗုံးကြဲ၊ လေးဦးထက်မနည်း သေဆုံး

NUG အထူးတိုင်းစစ်ဌာနကို စစ်တပ် ဗုံးကြဲ၊ လေးဦးထက်မနည်း သေဆုံး

-

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အထူးတိုင်းစစ်ဌာနချုပ်ရုံးကို စက်တင်ဘာလ ၂၄ ရက်နေ့က စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးပြီး ထိခိုက်သူများလည်း ရှိသည်ဟု စစ်ရေးသတင်းအရင်းမြစ်တို့ထံမှ သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီကနေ ၁၂ နာရီအချိန်အထိ NUG အထူးတိုင်းစစ်ဌာနချုပ်ရုံးကို စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ် သုံးစီးဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“NUG အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းကနေ ဂျက်ဖိုက်တာ တိုက်လေယာဉ် သုံးစီးနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သလို၊ သိမ်ဇရပ်ဘက်က‌နေလဲ လက်နက်ကြီး‌တွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်” ဟု မြေပြင် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ကနဦး သတင်းအချက်အလက်များအရ NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရသည့် ဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် လေးဦး ကျဆုံးပြီး၊ ဒဏ်ရာရသူ ဆယ်နှင့်ချီ ရှိသည်ဟု ဆိုသည်။

လေကြောင်း ဗုံးကြဲပြီးနောက် စစ်ကော်မရှင်စီတပ်ဘက်က ကင်းထောက် ဒရုန်းများ စောင့်ကြည့်‌နေသည့်အပြင်၊ မြေပြင်မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် ကူညီကယ်ဆယ်ရေးများ မလုပ်နိုင်သေးကြောင်းလည်း ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပေ။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG တွင် တိုင်းစစ်ဌာန ၁၀ ခုဖြင့် ဖွဲ့စည်းထားပြီး ဗုံးကြဲတိုက်ခိုက်ခံရသည့် အထူးတိုင်းစစ်ဌာနသည် မွန်ပြည်နယ်နှင့် ပဲခူတိုင်း‌ဒေသကြီးအစပ် အဓိက ကြောစစ်ရေး လှုပ်ရှားနေခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts