Thursday, April 30, 2026
More
    spot_img
    Homeသတင်းကဆုန်လပြည့်နေ့တွင် မွန်ပြည်နယ် အကျဉ်းထောင် အချုပ်စခန်းများမှ အကျဉ်းသား ၉၂ ဦး လွတ်မြောက်လာ

    ကဆုန်လပြည့်နေ့တွင် မွန်ပြည်နယ် အကျဉ်းထောင် အချုပ်စခန်းများမှ အကျဉ်းသား ၉၂ ဦး လွတ်မြောက်လာ

    -

    စစ်ကော်မရှင်မှ ယနေ့ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး မွန်ပြည်နယ် အကျဉ်းထောင်၊ အချုပ်စခန်းများမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူဦးရေ ၉၂ ဦးရှိကြောင်း မွန်ပြည်နယ်အကျဉ်းထောင် ဦးစီမှုးရုံး အချက်လက်များအရ သိရသည်။

    ပြန်လည်လွတ်မြောက်လာသူများတွင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ၁၃ ဦး၊ မော်လမြိုင်အချုပ်ထောင်မှ ၂၃ ဦး၊ သထုံအကျဉ်းထောင်မှ ၈ ဦး၊ အင်္ဂဘိုရာဘာစခန်းမှ ၈ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ ၉ ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ ၁ ဦး၊ အင်းဗြောင် ကုန်ထုတ်စခန်းမှ ၁ ဦး၊ တောင်စွန်းကုန်ထုတ်စခန်းမှ ၆ ဦး၊ မုပ္ပလင် ကုန်ထုတ်စခန်း ၂ ခုမှ ၉ ဦး စုစုပေါင်း ပြန်လည်လွတ်မြောက်သူ ၉၂ ဦးရှိကြောင်းသိရသည်။

    လွတ်ငြိမ်းခွင့်ပြုထားသူ ၉၂ ဦးတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုရှိမရှိ IMNA မှ ဆက်လက်အတည်ပြု နေဆဲဖြစ်သည်။

    ယနေ့ ကဆုန်လပြည့်နေ့တွင် အကျဉ်းသား၊သူစုစုပေါင်း ၁၅၀၈ ဦးကို စစ်ကော်မရှင်မှ လွတ်ငြိမ်းခွင့်ပြုထားသည့်အပြင် ထောင်ဒဏ်ကျခံနေရသူအားလုံးကို ကျန်ရှိသော ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လျှော့ပေါ့ခွင့်ပြုထားသည်။

    သို့သော် ၎င်းတို့အနေဖြင့် " နောက်တစ်ကြိမ်ပစ်မှုကျူးလွန်ပါက ယခုကျန်ရှိသော ပြစ်ဒဏ်များကိုပါ ပေါင်း၍ ကျခံရမည်"ဟူသော ကန့်သတ်ချက်ဖြင့် ပြန်လည်လွှတ်ပေးခြင်း ဖြစ်သည်။

    ယခုလွတ်ငြိမ်းခွင့်အမိန့်အပါအဝင် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်မှ အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်အမိန့် ၄ ကြိမ်ကြေညာခဲ့သော်လည်း မြေပြင်ပြန်လည်လွတ်မြောက်လာသူ အရေအတွက် မတူညီသဖြင့် ကိန်းဂဏန်းအရ လှည့်ဖြားနေခြင်းသာဖြစ်သည်ဟုလည်း အကျဉ်းသားများအရေး စောင့်ကြည့်နေသူများက သုံးသပ်လျှက်ရှိသည်။

    ပုံ-CJ (မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks