Friday, April 24, 2026
More
    spot_img
    Homeသတင်းနိုင်ငံတကာအထောက်အပံ့များကို စစ်ဘေးရှောင်များ အပြည့်အဝခံစားခွင့်ရရှိရေး နယ်စပ်စစ်ဘေးရှောင်ကူညီနေသူများထံ တိုက်ရိုက်အပ်နှံရန် (KPSN) တိုက်တွန်း

    နိုင်ငံတကာအထောက်အပံ့များကို စစ်ဘေးရှောင်များ အပြည့်အဝခံစားခွင့်ရရှိရေး နယ်စပ်စစ်ဘေးရှောင်ကူညီနေသူများထံ တိုက်ရိုက်အပ်နှံရန် (KPSN) တိုက်တွန်း

    -

    စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည် အကျင့်ပျက်ခြစားမှုများကြောင့် မွန်၊ကရင်၊တနင်္သာရီ စစ်ဘေးရှောင်များအနည်းအကျဉ်းသား ခံစားခွင့်ရတော့သဖြင့် နယ်စပ်ရှိစစ်ရှောင်ကူညီနေသူများထံ တိုက်ရိုက်အပ်နှံရန် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ကတိုက်တွန်း ပြောဆိုသည်။

    နိုင်ငံတကာအလှူရှင်များသည် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာနိုင်ငံတကာသံရုံးများသို့ ငွေကြေး၊ နှင့် စားနပ်ရိက္ခာများ ဆက်သွယ်အပ်နှံ့ပြီး ထိုမှတစ်ဆင့် စစ်ကော်မရှင်၏ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးနေခြင်း ဖြစ်သည်။

    ယခင်ကပင် စစ်ကော်မရှင်အဖွဲထံ ရောက်ရှိနေသည့် နိုင်ငံတကာအထောက်အပံ့များသည် စစ်ရှောင်ပြည်သူများထံ အနည်းအကျဉ်းသာရောက်ရှိနေရာမှ လုံးဝမရောက်ရှိတော့သည်အထိ ဖြစ်လာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) မှ တာဝန်ခံ စောအယ်ဒိုဝါးက IMNA သို့ ပြောသည်။

    “ မြန်မာပြည်ရဲ့အုပ်ချူပ်ရေးယန္တယားက သိတဲ့အတိုင်းပါပဲ။ အကျင့်ပျက်ခြစားမှုက များတယ်လေ။ ဒါကြောင့် အဲဒီအကူအညီတွေက တကယ်လိုအပ်တဲ့စစ်ရှောင် ပြည်သူတွေဆီကို ၁၀၀ ရာခိုင်နှုန်းတော့ မရောက်လာတော့ဘူး။ စစ်ရှောင်ပြည်သူဆီရောက်ဖို့က ၅ ရာခိုင်နှုန်း၊ ၁ ရာခိုင်နှုန်းအဲလို လျော့လျော့လာတယ်။ တကယ် IDPs နေရာကို ရောက်လာတဲ့အခါတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တာ” ဟု စောအယ်ဒိုဝါးက ပြောသည်။

    လက်ရှိ မြဝတီနှင့်ကော့ကရိတ်ဒေသဘက်ရှိ စစ်ဘေးရှောင်များကို USAID အဖွဲ့မှ ပေးအပ်ထားသော အထောက်အပံ့များဖြင့် စစ်ကော်မရှင်က မကြာခဏ သွားရောက်ထောက်ပံ့နေသည်ဆိုသော်လည်း အပြည့်အဝမရရှိကြောင်း ဆက်ပြောသည်။

    ထိုကြောင့် ပြည်တွင်း၊ ပြည်ပအရှင်လှူရှင်များအနေဖြင့် စစ်ရှောင်အထောက်အပံ့ပစ္စည်းများကို စစ်ကော်မရှင်အဖွဲ့များထံ အပ်နှံ့ခြင်း မပြုလုပ်ကြပါရန်နှင့် နယ်စပ်ဒေသရှိ စစ်ရှောင်များကို အကူအညီ ပေးနေသည့်အဖွဲ့အစည်းများကိုသာ တိုက်ရိုက်အပ်နှံ့ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

    ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) အနေဖြင့် ပြည်တွင်း၊ ပြည်ပအလှူရှင်များနှင့် မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူး စစ်ရှောင်များကို စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်အရေး စသည့် ကဏ္ဍများကို အကူအညီပေးနေသည့် စစ်ရှောင်ကူညီရေးအဖွဲ့အစည်း ၂၂ ဖွဲ့တို့အကြား ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး စစ်ရှောင်လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနေကြသည်ဟု ဆိုသည်။

    “ပဋိပက္ခဒေသက စစ်ရှောင်တွေကို ကျနော်တို့က တိုက်ရိုက်ထောက်ပံ့ပေးတာတော့ မဟုတ်ဘူး။ ကျနော်တို့မှာ အဖွဲ့ ၂၂ ဖွဲ့ရှိတယ်။ စစ်ရှောင်တွေ လိုအပ်ချက်ပေါ် မူတည်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက သွားရောက်ဖြည့်စွက်ပေးနေတာပေါ့လေ။ ပြောချင်တာကတော့ အဲဒီလိုစစ်ရှောင်တွေနဲ့ တိုက်ရိုက်ထောက်ပံ့နိုင်တဲ့ NGO၊ CSO အဖွဲ့အစည်းတွေကိုပဲ ပူးပေါင်း စေချင်တယ်။ ကျနော်တို့လည်း အဲဒီလိုအဖွဲ့အစည်းတွေကိုပဲ သွားရောက်ထောက်ပံ့ပေးဖို့ကို နိုင်ငံတကာတွေကို အစဉ်အမြဲတောင်းဆိုနေပါတယ်” ဟု (KPSN) တာဝန်ခံ စောအယ်ဒိုဝါးက ဆက်ပြောသည်။

    မွန်၊ ကရင်၊ တနင်္သာရီဒေသအတွင်းရှိ မြို့နယ်အချို့တွင် တိုက်ပွဲနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ရှောင်ဦးရေတိုးလာနေပြီး အလှူရှင်နည်းပါ့လာမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ တိုးလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks