Homeသတင်းစစ်တပ်က မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့် ပြန်လွတ်လာ

စစ်တပ်က မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့် ပြန်လွတ်လာ

-

အာဏာသိမ်းစစ်တပ်၏ မတရားဖမ်းဆီးခြင်းကို ခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လွှတ်ပေးလိုက်သည်ဟု ပြည်တွင်းအခြေစိုက် သတင်းဌာနအများစုက ရေးသားဖော်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က သမ္မတတာဝန် ထမ်းဆောင်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို လက်ရှိ ကျခံနေရတဲ့ ပြစ်ဒဏ်များအားလုံးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ယနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဦးမင်းအောင်လှိုင်အမိန့်ဖြင့် ပြန်လွတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သမ္မတ ဦးဝင်းမြင့်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းချိန် NLD မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

အာဏာသိမ်း စစ်အုပ်စုက ဦးဝင်းမြင့်ကို နိုင်ငံတော်ပုန်ကန်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမဲလိမ်လည်မှု စသဖြင့် အမှု (၄) မှုအပြင် ပုဒ်မ ၁၃၀-က တို့ဖြင့် မတရားစွပ်စွဲ၍ ထောင်ဒဏ် (၉) နှစ် (၆)လ ချထားခြင်း ခံထားရသည်။

ထို့နောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်သူလူထု၊ ဒီမိုကရေစီအင်အားစု အသီးသီး နှင့် နိုင်ငံတကာအဖွဲ့အစည်းတို့ လက်မခံသော အတုအယောင် ရွေးကောက်ပွဲကို ကျင်းပ၍ သမ္မတ ရာထူးကို ရယူပြီးနောက် ယခုလို နိုင်ငံ့ခေါင်းဆောင်များအား ပြန်လည်လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts