Homeသတင်းမဲဆောက်မှ မြန်မာဘက်သို့ ဒီဇယ်ဆီလီတာ ၂၀,၀၀၀ ခန့် မှောင်ခိုပို့မည့် ဆီတင်ကားတစ်စီး ဖမ်းဆီးရမိ

မဲဆောက်မှ မြန်မာဘက်သို့ ဒီဇယ်ဆီလီတာ ၂၀,၀၀၀ ခန့် မှောင်ခိုပို့မည့် ဆီတင်ကားတစ်စီး ဖမ်းဆီးရမိ

-

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှ မြန်မာဘက်သို့ ဒီဇယ်ဆီလီတာ ၂၀,၀၀၀ခန့် မှောင်ခိုပို့ဆောင်မည့် ၁၀ ဘီး ဆီတင်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။

မတ်လ ၂၂ ရက်နေ့တွင် တာ့ခ်ခရိုင်ရဲတပ်ဖွဲ့က ဒေသခံများမှ သတင်းရရှိမှုကြောင့် မဲဆောက်မြို့နယ် သာဆိုင်လွတ်ကျေးရွာအုပ်စု၊ ကျေးရွာ (၃)အနီးတွင် ယာဉ်များကို စစ်ဆေးရာမှ ဒီဇယ်ဆီများကို တရားမဝင် သယ်ယူပို့ဆောင်ရန် ပြင်ဆင်နေသည် ၁၀ ဘီးယာဉ်တစ်စီးကို ဖမ်းဆီးခဲ့သည်။

အဆိုပါယာဉ်တွင် မြန်မာနိုင်ငံသို့ တရားမဝင် ခိုးထုတ်သယ်ရန် ဒီဇယ်ဆီလီတာ ၂၀,၀၀၀ ခန့် သယ်ဆောင်ထားကြောင့် သိရသည်။

ထိုင်းရဲတပ်ဖွဲ့မှ နီးစပ်ရာ ဂိုဒေါင်တစ်ခုကို ဆက်လက်ရှာဖွေရာတွင် ဆီသိုလှောင်ရန် အသုံးပြုသည့် ပစ္စည်းများကို ထပ်မံတွေ့ရှိခဲ့ပြီး၊ ထိုအထဲတွင် လီတာ ၄,၅၀၀ ဆံ့ ဆီကန် ၂ လုံး (အထဲတွင် လက်ကျန်ဆီ လီတာ ၃၀၀ ခန့်)၊ လီတာ ၂၀၀ ဆံ့ ဆီကန် ၁၀၁ လုံးနှင့် လီတာ ၃၀ ဆံ့ ဆီကန် ၈၅ လုံး ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ယာဉ်မောင်း၊ ယာဉ်နှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများအား မယ်ဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး၊ အဆိုပါမှောင်ခိုလုပ်ငန်းတွင် ပါဝင်ပတ်သက်သူများနှင့် ငွေကြေးပံ့ပိုးသူများကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

လက်ရှိတွင် တာ့ခ်ခရိုင်ရှိ နယ်စပ်မြို့နယ် ၅ ခုအတွင်း နေထိုင်သူများသည် အခြားခရိုင်များကဲ့သို့ပင် ဆီပြတ်လပ်မှု ပြဿနာကို ရင်ဆိုင်နေရပြီး၊ ယခုလို ခိုးထုတ်မှုများကြောင့် ဒေသတွင်း ဆီရရှိနိုင်မှုကို ထပ်မံလျော့နည်းစေကြောင်း ထိုင်းအဏာပိုင်များက ဆိုသည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ချူဆပ်ရူယင်း (Chusak Rooying) က ခရိုင်အဆင့် တာဝန်ရှိသူများနှင့် လုံခြုံရေးအဖွဲ့များအား ကင်းလှည့်မှုများ တိုးမြှင့်ရန်နှင့် တရားမဝင် ဆီတင်ပို့မှုများကို တားဆီးရန် ညွှန်ကြားထားကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ကိုးကား- Bangkok Post, Tak Public Relations Office

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts