Homeသတင်းဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်း စားသောက်ဆိုင်တွင် DBKA အရာရှိတစ်ဦး ပစ်ခတ်ခံရမှုကြောင့် သေဆုံး

ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်း စားသောက်ဆိုင်တွင် DBKA အရာရှိတစ်ဦး ပစ်ခတ်ခံရမှုကြောင့် သေဆုံး

-

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ပေါ်၊ ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမည်မသိလက်နက်ကိုင်လူတစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) မှ အရာရှိတစ်ဦး သေဆုံးသွားကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

သေဆုံးသွားသူမှာ DKBA တပ်နယ် (၂) လက်အောက်ခံ၊ (၉၀၁) တပ်ရင်းမှ အသက် ၄၀ အရွယ်ရှိ ဗိုလ်မှူးအဆင့်ရှိသူ ဗိုလ်မှူးအာလူး (ခ) ထွန်းဇော် ဖြစ်ပြီး စားသောက်ဆိုင်အတွင်း အမည်မသိ လက်နက်ကိုင်တစ်စုက မော်တော်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း DKBA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အစက အဲ့ဆိုင်မှာ ဗိုလ်အာလူးရော တခြားသူတွေရော အဲဆိုင်မှာ တစ်ဝိုင်းစားသောက်နေကြတာ ပြီးတော့ သူများတွေ ပြန်သွားကြတယ် သူနဲ့ မိန်ခလေး တစ်ယောက်နဲ့ကျန်တယ် ဆက်သောက်နေကြတာပေါ့။ အဲ့အချိန်မှာ ဟိုက အိမ်စီးကားအဖြူနဲ့ လူလေးယောက်လား ငါးယောက်လားမသိဘူး သူကို့ပစ်လိုက်တာ အဲ့မှာပဲ ဆုံးသွားတယ်။ သူတို့လဲ ကားနဲ့ပဲ ပြန်ထွက်ပြေးသွားတယ်။ ” ဟု သူကဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့အတွင်း၌ လုံခြုံရေးတင်းကြပ်ထားခြင်းမရှိသော်လည်း ပစ်ခတ်ခံရမှုအပေါ် DKBA ဘက်မှ ယနေ့အချိန်ထိ လိုက်လံစုံစမ်းနေဆဲဖြစ်သည်။

“ လုံခြုံရေးက မတင်းကြပ်ထားဘူး ဒါပေမဲ့ ပစ်ခတ်တဲ့သူတွေကိုတော့ လိုက်ရှာနေတုန်းပဲ CCTV ကြည့်ဖို့က အဲ့ဆိုင်က CCTV ပျက်နေတယ် သူသတ်ခံရတဲ့ကိစ္စကလဲ ဘယ်သူမှ တိတိကျကျမပြောနိုင်ဘူး ဘာလို့ဆို ဒီမြို့မှာ သူကစီးပွားရေးဘက်မှာ တာဝန်ရှိသူတစ်ယောက်ဖြစ်တယ်လေ။” ဟု ဘုရာသုံးဆူးမြို့ခံ တစ်ဦးက ပြောသည်။

ဗိုလ်မှူးအာလူး (ခ) ထွန်းဇော်သည် ဘုရားသုံးဆူမြို့တွင် စီးပွားရေးတာဝန်ခံတစ်ဦးဖြစ်သည့်အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) ကိစ္စများတွင် ပတ်သက်မှု ရှိနေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗိုလ်မှူးအာလူးသည် KTV၊ Barမှ အမျိုးသမီးကိစ္စများနှင့် မကင်းရှင်းသူတစ်ဦးလည်း ဖြစ်နေသည့်အတွင် ယခုပစ်ခတ်သတ်ဖြတ်ခံရမှုသည် အဆိုကိစ္စတို့နှင့် အကြောင်းအရင်းဆက်စပ်နေကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ပေါ်တွင် DKBA အဖွဲ့မှ ဗိုလ်မှူးတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို အမည်မသိလက်နက်ကိုင် ၂ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ယနေ့အထိ ကျူးလွန်သူများကို ဖမ်းမမိသေးပေ။

ပစ်ခတ်မှုဖြစ်ခဲ့သည့် ဥဒေါင်းကန်ပတ်လမ်းတွင် DKBA အဖွဲ့ တရုတ်နိုင်ငံသားများမှ  စပ်တူ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များစွာရှိပြီး ဈေးနှုန်းများ အဆမတန် မြင့်မားလွန်းသဖြင့်  ငွေကြေးတတ်နိုင်သည့် အထက်တန်းလွှာများ၊ အရာရှိကြီးများနှင့် တရုတ်နိုင်ငံသားအချို့သာ သီးသန့်နီးပါး ဝင်ထွက်သွားလာမှုကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts