Homeသတင်းရေးသို့ သွားသည့် PPP ပါတီ ပြည်နယ် ဥက္ကဋ္ဌနှင့် ပါတီဝင်တချို့ ပျောက်ဆုံးနေ

ရေးသို့ သွားသည့် PPP ပါတီ ပြည်နယ် ဥက္ကဋ္ဌနှင့် ပါတီဝင်တချို့ ပျောက်ဆုံးနေ

-

မွန်ပြည်နယ်၊ ရေးမြို့သို့ ပါတီကိစ္စဖြင့် ခရီးသွားနေသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မွန်ပြည်နယ် ဥက္ကဋ္ဌနှင့် ပါတီဝင်တချို့ ပျောက်ဆုံးနေကြောင်း ယင်းပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

PPP ပါတီ ပြည်နယ် ဥက္ကဌနှင့်အဖွဲ့သည် ကျိုက်ထိုကနေ ရေးမြို့သို့ စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က သွားရောက်စဉ် သံဖြူဇရပ် – ရေးလမ်းပိုင်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

#Crd Photo : Social Media

“လမ်းခုလပ်မှာ အဆက်အသွယ်ပြတ်သွားခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးထားကြောင်း Viber မှ စာပို့ထားသည်ကို ကြားသိရကြောင်း” ဟု ပြည်နယ် PPP ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပျောက်ဆုံးနေသူများထဲတွင် PPP ပါတီ မွန်ပြည်နယ် ဥက္ကဌ ဒေါ်မြသီတာနှင့် ပါတီဝင် ဦးဟိန်းလင်းအောင်၊ ဒေါ်ခင်သီတာကျော်နှင့် အခြားအမျိုးသမီး ပါဝင်သည်ဟု ဆိုသည်။

PPP ပါတီ ပြည်နယ် ဥက္ကဌနှင့်အဖွဲ့ ပျောက်ဆုံးနေသည့်ကိစ္စနှင့် ပတ်သက်ပြီး ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့အချို့ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) က ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့အနေဖြင့် မသိရှိကြောင်း ဖြေကြားခဲ့သည်။

ပြည်သူ့ရှေ့ဆောင်ပါတီ PPP သည် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းထားသည့် ဒေါက်တာ သက်သက်ခိုင် ဦးဆောင်သည့် ပါတီဖြစ်ပြီး စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts