Homeသတင်းနိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ ရွေးကောက်ပွဲဆက်လက်ကျင်းပမည်ဆိုပါက ပဋိပက္ခပိုမိုကြီးထွားနိုင်ဟု ရာမညမွန်တပ်တော်မှ (၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ထုတ်ပြန်ချက်တွင်ပြောဆို

နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ ရွေးကောက်ပွဲဆက်လက်ကျင်းပမည်ဆိုပါက ပဋိပက္ခပိုမိုကြီးထွားနိုင်ဟု ရာမညမွန်တပ်တော်မှ (၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ထုတ်ပြန်ချက်တွင်ပြောဆို

-

နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ ရွေးကောက်ပွဲဆက်လက်ကျင်းပမည်ဆိုပါက ပဋိပက္ခပိုမိုကြီးထွားလာနိုင်သည်ဟု ရာမညမွန်တပ်တော်၏ ယနေ့(၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် ထောက်ပြပြောဆိုထားသည်။

ယခုနှစ်ကုန်ပိုင်းအတွင်း စစ်ခေါင်းဆောင်မှ  ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းရန်နှင့် စစ်အာဏာရှင်ကို တရားဝင်စနစ်ဖြစ်ရေး ရွေးကောက်ပွဲကျင်းပရန်ရှိကြောင်း သိရသည်။

ရာမညမွန်တပ်တော်အနေဖြင့် ရွေးကောက်ပွဲကို လက်မခံဆန့်ကျင်သွားမည့်အပြင် နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ ရွေးကောက်ပွဲဆက်လက်ကျင်းပမည်ဆိုပါက ပဋိပက္ခပိုမိုကြီးထွားလာနိုင်သည်ဟု ဆိုထားသည်။

ထို့အပြင် ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် စစ်အာဏာရှင်ကို သက်ဆိုးရှည်စေမည့် အဖွဲ့အစည်းအဖြစ် သတ်မှတ်သွားမည် ဖြစ်သည်။

စစ်အာဏာရှင်ကို သက်ဆိုးရှည်စေမည့် အတုအယောင်ရွေးကောက်ပွဲနှင့် အတင်းအဓမ္မတပ်သားစုဆောင်းနေမှုကို ပြည်သူလူထုများ ရရာနည်းဖြင့်လည်းကောင်း၊ ရာမညမွန်တပ်တော်နှင့် အတူတကွဆန့်ကျင်ရန်လည်း ရာမညမွန်တပ်တော်မှ တိုက်တွန်းထားသည်။

ယနေ့ သြဂုတ်(၈) ရက်နေ့တွင် ကျရောက်သည့် (၇၈) ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ကို မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် အခြားထိန်းချုပ်နယ်မြေအသီးသီးတို့တွင် ကျင်းပခဲ့သည့်အပြင် မွန်ပြည်နယ်တွင်လည်း မြို့နယ်အဆင့်အလိုက် ကျင်းပခဲ့ကြောင်းသိရသည်။

၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့တွင် နိုင်ပန်သာ၊ နိုင်မောင်သိမ်းတို့ ဦးဆောင်ပြီး မျိုးချစ်လူငယ်(၂၇) ဦးတို့မှ ဇာသပြင်ရွာ ကာကွယ်ရေးလက်နက်များကို ဝင်ရောက်သိမ်းဆည်းခဲ့သည်ကို အစွဲပြု၍ မွန်တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့သည်မှာ ယနေ့တွင် (၇၈) နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts