Homeသတင်းထင်းရူးရွာရဲစခန်းရှေ့ရှိ စစ်ကောင်စီ​ ကင်းပုန်းနေရာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်

ထင်းရူးရွာရဲစခန်းရှေ့ရှိ စစ်ကောင်စီ​ ကင်းပုန်းနေရာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာ ရဲစခန်းရှေ့ ကိုက် ၂၀၀ အကွာတွင် ရှိသည့် စစ်ကောင်စီ ကင်းပုန်းနေရာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကင်းပုန်းနေရာကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် စစ်ရေးမဟာမိတ်ဖြစ်သော KNLA တပ်ရင်း(၂၇) တပ်ခွဲ(၁) ပူးပေါင်းတပ်ဖွဲ့တို့က ဇူလိုင်လ၂၂ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအချိန် ၁၀ မိနစ်ခန့်ကြာကြောင်း တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဘက်က တစုံတရာ ထိခိုက်မှူမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင် စစ်ကောင်စီဘက်က ရဲ ၂ ဦး၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိကြောင်းလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts