Homeသတင်းအိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံနယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ရေးပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်

အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံနယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ရေးပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်

-

အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်ထိန်းချုပ်သည့် ကတ်ရှမီးယားဒေသများသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ပါကစ္စတန်နိုင်ငံ၏ လေပိုင်နက်ကို ခရီးသည်တင်ယာဉ်နှင့် ကုန်တင်လေယာဉ်များအားလုံး ရှောင်းရှားပျံသန်းနေရကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လတ်တလော နှစ်ဖက်စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေအနေတွင် ရောက်ရှိနေပြီး နှစ်နိုင်ငံနယ်စပ်နှင့် နီးစပ်သည့် ပြည်နယ်များတွင် ကျောင်းများပိတ်ခြင်း၊ အရေးပေါ်ပြောင်းရွှေ့ခိုင်းမှုများကို နှစ်ဖက်စလုံးမှ လုပ်ဆောင်လျှက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အိန္ဒိယတပ်မတော်က “Operation Sindoor” ဟုအမည်ပေးထားသော ဒုံးကျည်တိုက်ခိုက်မှုများကို ပါကစ္စတန်ထိန်းချုပ်သည့် ကတ်ရှမီးယားဒေသအတွင်းရှိ ပစ်မှတ် ၉ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကလေး၂ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်ဘက်မှ အတည်ပြုပြောကြားခဲ့သည်။

ဒုံးကျည်တိုက်ခိုက်မှုများကြောင့် ပါကစ္စတန် အုပ်ချုပ်သည့် ကတ်ရှမီးယား နှင့် နေရာ ၂ခုဖြစ်သည့်  Muzaffarabad၊ Kotli နှင့် တစ်ခြားနေရာတစ်ခုဖြစ်သည့် Bahawalpur  တို့ကိုအိန္ဒိယ ဒုံးကျည်များဖြင့် ထိမှန်ခဲ့ပြီး ဗလီနှစ်လုံးအပါအဝင် အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အိန္ဒိယက ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသမှ အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကိုသာ ပစ်မှတ်ထားပစ်ခတ်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပါကစ္စတန်စစ်တပ်ပြောခွင့်ရက အဆိုပါတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်းတိုက်ခိုက်မှုကို “ရှက်စရာ သူရဲဘောကြောင်သောလုပ်ရပ်” ဟုဆိုကာ ပြင်းထန်သော တုံ့ပြန်မှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 လက်ရှိအချိန်တွင် အဖြစ်အပျက်များကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်စွာစောင့်ကြည့်နေကြပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က အခြေအနေကို အလေးအနက်ထားရန်လိုအပ်ပြီး နှစ်နိုင်ငံလုံးငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းထားသည်။

မကြာသေးမီရက်ပိုင်းက အိန္ဒိယထိန်းချုပ်ထားသည့် ကတ်ရှ်မီးယားဒေသ ပါဟယ်လ်ဂမ်(Pahalgam) ကျေးရွာရှိ အပန်းဖြေစခန်းတစ်ခုတွင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် နီပေါနိုင်ငံသား ၁ ဦးတို့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပါကစ္စတန်က ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယ အစိုးရက စွပ်စွဲထားပြီး ပါကစ္စတန်အနေဖြင့် အတိအလင်း ငြင်းဆိုထားပြီးနောက် နှစ်နိုင်ငံ စစ်ရေးတင်းမာလာခဲ့ကြောင်း သိရသည်။

 အိန္ဒိယ- ပါကစ္စတန် နှစ်နိုင်ငံတို့အား ငြိမ်းချမ်းတည်ငြိမ်သည့် အခြေအနေကို ဦးစားပေး ထိန်းသိမ်းဆောင်ရွက်ရန်  ကုလသမဂ္ဂ အပါအဝင် နိုင်ငံခြားရေးဝန်ကြီးတို့က ပန်ကြားပြောဆိုထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts