Home သတင်း နှစ်ဆန်းတစ်ရက်နေ့အတွင်း ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၆ ရွာထက်မနည်း လေကြောင်း တိုက်ခိုက်ခံရ

နှစ်ဆန်းတစ်ရက်နေ့အတွင်း ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၆ ရွာထက်မနည်း လေကြောင်း တိုက်ခိုက်ခံရ

ယနေ့ (ဧပြီလ ၁၇ ရက်) နှစ်ဆန်းတစ်ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၆ ရွာထက်မနည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရဟု စုစည်းရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။

ယနေ့ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းအချိန်တို့တွင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ် အတွင်းက ကမ်းနီ၊ သရက်တော၊ နောင်တမံ (ခ) ဝဲအင်း၊ လေးတိုင်၊ ကျိုက်သလိုက်နှင့် သုံးဆယ့်သုံးဆူကျေးရွာတို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သရက်တောကျေးရွာတွင် အသက် ၅၀ အရွယ်ခန့် ရွာခံအမျိုးသား ၁ ဦး သေဆုံးနှင့် ကျန်ကလေးငယ် ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး လေးတိုင်ကျေးရွာ၌လည်း အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စာသင်ကျောင်းဆောင်အပါအဝင် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ထောင်နဲ့ချီသည့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

၂၀၂၅ ခုနှစ် ဧပြီလ ၁၄ ရက်မှ ၁၇ ရက်အထိ တိုက်ပွဲပြင်းထန်နေသည့် ကျုံဒိုးမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့်လည်းကောင်း၊ လက်နက်ကြီးဖြင့်လည်းကောင်း နေ့စဥ် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.