Homeသတင်းမော်လမြိုင်တွင် ဖျော်ဖြေရေးမဏ္ဍပ်များ ပြန်ဖျက်သော်လည်း လမ်းလျှောက်သင်္ကြန်အတွက် ဆက်လုပ်နေ

မော်လမြိုင်တွင် ဖျော်ဖြေရေးမဏ္ဍပ်များ ပြန်ဖျက်သော်လည်း လမ်းလျှောက်သင်္ကြန်အတွက် ဆက်လုပ်နေ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သင်္ကြန်ဖျော်ဖြေရေး ဗဟိုမဏ္ဍပ်ကို ပြည်နယ်စစ်ကောင်စီက ပြန်ဖျက်လိုက်သော်လည်း လမ်းလျှောက်သင်္ကြန်အတွက် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံ ဒေသခြောက်ခုထက်မနည်းတွင် ငလျင်ဘေးဒဏ် အပြင်းအထန်ကြုံနေရချိန်တွင် မဟာသင်္ကြန်ပွဲတော်ကို ဖျော်ဖြေပွဲ၊ ကပွဲမပါဘဲ ရိုးရာဓလေ့အရ ရေပက်ကစားခြင်းဖြင့်သာ ကျင်းပသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုထားသည်။

သို့သော် ပြည်နယ်စစ်ကောင်စီ၏ အစီအစဉ်ဖြင့် မော်လမြိုင်ကမ်းနားလမ်း မြစ်ကန်သာ အပန်းဖြေနေရာတွင် လမ်းလျှောက်သင်္ကြန်ကျင်းပရန် ဆောက်လုပ်နေဆဲဖြစ်သည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက သည်။

“ဗဟိုမဏ္ဍပ်ဆောက်နေတာကို ပြန်ဖျက်ပြီးတော့ ရေပက်မဏ္ဍပ်ပဲ ပြန်လုပ်တယ်။ နောက် အသစ်ဆောက်နေတဲ့ ကမ်းနားမှာတော့ လမ်းလျှောက်သင်္ကြန်နဲ့ စတုဒီသာ ကျွေးမယ့် နေရာ ဆောက်နေတယ်။ အဲ့နေရာမှာ လမ်းလျှောက်သင်္ကြန်လိုမျိုး လုပ်မှာ အဲ့ဒါက ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ လုပ်တာ” ဟု ၎င်းမြို့ခံက ပြောသည်။

မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရန်အတွက် မွန်ပြည်နယ်စစ်ကောင်စီက မော်လမြိုင်ကမ်းနားလမ်းတလျှောက်တွင် ဗဟိုပဏ္ဍပ်အပါအဝင် ဖျော်ဖြေရေး မဏ္ဍပ်ကို မတ်လနောက်ဆုံးအပတ်ခန့်ကစပြီး ဆောက်လုပ်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး ၇ ဒသမ၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ရှမ်းပြည်နယ် အစရှိသည့်ဒေသတို့တွင် လူထိခိုက်သေဆုံးမှု၊ အဆောက်အဦးထိခိုက်ပျက်စီးမှု များပြားခဲ့သည်။

ငလျင်ကြောင့် ဧပြီလ ၈ ရက်နေ့အထိ သေဆုံးသူ ၃၆၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၅၀၀၀ ကျော်၊ ပျောက်ဆုံးနေသူ ၁၆၀ ကျော်ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး လက်ရှိအချိန်အထိလည်း ပြိုကျအဆောက်အဦးများထဲတွင် ပိတ်မိနေသူ ရာနှင့်ချီ ရှိနေဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts