Homeသတင်းစစ်တပ်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ထုတ်ပြန်

စစ်တပ်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ထုတ်ပြန်

-

ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် တစ်နိုင်ငံလုံးရှိပြည်သူများကို စာနာထောက်ထားခြင်းအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ကိုအရှိန်ဟုန်မြင့် ဆောင်ရွက်စေရန်အတွက် စစ်တပ်မှ ဧပြီလ ၂ ရက် ၂၂ ရက်အထိ ရက်ပေါင်း ၂၀ ကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာအဖြစ် ထုတ်ပြန်ထားသည်။

ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အခြားလက်နက်ကိုက်အဖွဲ့တို့အနေဖြင့် တရားဥပဒေစိုးမိုးမှုကင်းသည့်လုပ်ရပ်တို့ကို မလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

လိုက်နာမှုမရှိပါက ပြည်သူလူထုတို့ကို ကာကွယ်သည့်အားဖြင့် စစ်တပ်မှ လိုအပ်သည့် အရေးယူတုန့်ပြန်မှုများကိုဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သို့သော်တော်လှန်ရေးအများစု ငလျင်ဘေးအာရုံစိုက်နေချိန်တွင် စစ်ကောင်စီက နောင်ချိုအပါအဝင် ဒေသအချို့တို့ကို လေကြောင်းတိုက်ခိုက်မှုတို့ကို ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်သည်။

လက်ရှိတွင် ငလျင်ဘေးအတွင်း ထိရောက်သည့် ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် မြန်မာအမျိုးသားဒီမို ကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တို့က အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts