Homeသတင်းဘုရားသုံးဆူမြို့တွင် ထိုင်းဘက်က အင်တာနက်လိုင်း စတင်ဖြတ်တောက်

ဘုရားသုံးဆူမြို့တွင် ထိုင်းဘက်က အင်တာနက်လိုင်း စတင်ဖြတ်တောက်

-

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းကစပြီး ထိုင်းဘက်က အင်တာနက်လိုင်း စတင်ဖြတ်တောက်လိုက်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း သံသယဖြင့် ထိုင်းဘက်က ဘုရားသုံးဆူမြို့ကို လျှပ်စစ်မီး၊ လောင်စာဆီ ဖြတ်တောက်ခဲ့ပြီး ယခု အင်နာနက်လိုင်းများကိုပါ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

လူသုံးစွဲများသည့် AIS ဆင်းကဒ် အင်တာနက်လိုင်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းကစပြီး ဖြတ်တောက်ခဲ့ကြောင်း truemove နှင့် dtac ဆင်းကဒ် အင်တာနက်လိုင်းများကိုလည်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထပ်မံဖြတ်တောက်သွားမည်ဖြစ်ကြောင်း ဘုရားသုံးဆူမြို့ခံတို့က ပြောသည်။

“12 call (AIS) လိုင်းကတော့ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ စဖြတ်လိုက်ပြီ။ ၂၁ ရက်နေ့မှာ ဒါကို ဖြတ်မယ်။ ပြီးတော့ ၂၆ ရက်နေ့မှာ ကျန်တဲ့လိုင်းတွေကို ဖြတ်မယ်။ အခုက ပိုပြီတော့ အခက်အခဲဖြစ်လာနေတာ မပြောနဲ့တော့။ မြန်မာဆင်းကဒ်ကလည်း သုံးလို့အဆင်မပြေဘူး။ wifi တပ်ဖို့ကလည်း မီးမရှိတော့ ဘယ်လိုတပ်ကြမလဲ။ ဆိုလာကလည်း ဟိုဖမ်း ဒီဖမ်းတော့ ဈေးတစ်အားကြီးတယ်။ အဲတော့ ထိုင်းအစိုးရက ဒီကျားဖြန့်ကို နှိမ်းနင်တဲ့အခါမှာ လှီးတာတစ်ခြား ပြတ်တာတစ်ခြား အဲလို ဖြစ်နေပြီ” ဟု အထက်ပါ ဘုရားသုံးဆူမြို့ခံက ပြောသည်။

ထိုင်းဘက်ခြမ်းမှ အင်တာနက်ဖြတ်တောက်မှုကြောင့် အင်တာနက်ဖြင့် အလုပ်လုပ်ကိုင်နေရသည့် Online Shop လုပ်ငန်းများအပြင် ပို့ဆောင်ရေးအလုပ်များလည်း အခက်အခဲ ဖြစ်လာနိုင်သည်ဟု ဘုရာသုံးဆူမြို့မှ Online Shop ရောင်းနေသူတစ်ဦးက ပြောသည်။

“ကိုယ်တွေအလုပ်ကလည်း ဖုန်းနဲ့လုပ်ရတယ်ဆိုတော့ အခုလို လုပ်လိုက်တော့ အတော်လေးစိတ်ဒုက္ခ မျိုးစုံဖြစ်စေတယ်။ မြန်မာအင်တာနက်လိုင်းကလည်း VPN လည်း ခံရတော့ သိပ်အဆင်မပြေဘူး။ ပြီးတော့ တစ်လမှာ ရက် ၃၀ လောက် ပြတ်နေတာကို ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ” ဟု ၎င်းက ပြောသည်။

ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ချေမှုန်သည့်အနေဖြင့် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်တလျှောက်ရှိ နေရာ ၅ ခုကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီး၊ လောင်စာဆီတို့ကို ဖြတ်တောက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts