Homeသတင်းဘီးလင်း မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး အရှင်ဖမ်းမိ

ဘီးလင်း မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး အရှင်ဖမ်းမိ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွအခြေစိုက် စစ်ကောင်စီ ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး အရှင်ဖမ်းမိသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ထံမှ သိရသည်။

စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ရှိသည့် မဲပလီဗျူဟာစခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဇန်နဝါရီလ ပထမအပတ်ကတည်းက ဝိုင်းရံတိုက်ခိုက်ခဲ့ရာမှ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“မဲပလီ ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ ကျိုက်ထိုမြို့နယ်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာတော့ ဗျူဟာစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု KNU တပ်မဟာ (၁) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် ဟောင်ဝစ်ဇာ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများ၊ ကျည်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီတပ်သား ၂၉ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု KNU တပ်မဟာ (၁) မှ ထံမှ သိရသည်။

၎င်းပြင် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိသည့်အပြင် ထွက်ပြေးလွတ်မြောက်သွားသူလည်းရှိကြောင်း ထွက်ပြေလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က လိုက်လံရှင်းလင်းလျက်ရှိသည်။

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကြောင့် မဲပလီကျေးရွာအပါအဝင် အစူးချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၃၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts