Homeသတင်းမွန်ဒေသထွက် ကျွဲကောသီး ဈေးကောင်းရသော်လည်း လက်လီဝယ်သူနည်းပါး

မွန်ဒေသထွက် ကျွဲကောသီး ဈေးကောင်းရသော်လည်း လက်လီဝယ်သူနည်းပါး

-

မွန်ဒေသထွက် ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၆၅၀၀ မှ ၁၀၀၀၀ ဝန်းကျင်အထိ ဈေကောင်းရနေသော်လည်း လက်လီဝယ်ယူမှုနည်းသည်ဟု ကျွဲကောသီးဈေးကွက်မှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် ရေးကြီးရေလျှံမှုကြောင့် အသီးအထွက်နှုန်းလျော့ကျသွားသော်လည်း ကျိုက်ထို၊ ဘီလင်း၊ မော်လမြိုင်၊ မုဒုံ၊ ရေးမြို့နယ်တို့မှ ထွက်သည့်အသီးများ ပြည်တွင်းဈေးကွက်သို့ ပုံမှန်တင်ပို့လျှက်ရှိသည်ဟု မော်လမြိုင်မြို့မှ ကျွဲကောသီး လက်လီလက်ကားရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

ကုန်ဈေးနှုန်းကြောင့် အခြေခံစားဝတ်နေရေးအတွက် ရုန်းကန်နေရခြင်းကြောင့် ကျွဲကောသီး ဝယ်ယူစားသုံးသူနည်းကာ လက်လီအရောင်းအဝယ်မရှိဖြစ်သွားသည်ဟု ဆိုသည်။

“လက်ကားရောင်းချတာကတော့ ပုံမှန်လောက်တော့ရတယ်၊ သူတို့ မှာယူကြတယ်။ လက်လီကျတာ့ ဝယ်သူနည်းနည်းပါးတယ်။ လူတိုင်းက ဒါကို မရှိမဖြစ်စားရမဲ့ဟာမျိုး မဟုတ်ဘူး။ ထမင်းလိုမျိုးမဟုတ်ဘူးလေ၊ အသီးဆို မရှိမဖြစ်ဆိုတဲ့အထဲမှာ မပါဘူး။ အဲကြောင့် သူတို့ လက်ဆောင်အနေနဲ့ ပေးရတဲ့အခါကြမှ လာဝယ်တော့တယ်။ အရင်ကဆိုရင် ၁၅၀၀-၃၀၀၀ လောက်က အလုံးကြီးအရွယ်ရတယ်။ အခုဈေးကြီးတော့ သူတို့ဝယ်တာနည်းတယ်” ဟု အထက်ပါ ကျွဲကောသီး လက်လီလက်ကားရောင်းဝယ်နေသူက ပြောသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလသည် ကျွဲကောသီးလှိုင်လှိုင်ထွက်သည့်ကာလဖြစ်သော်လည်း ရာသီဥတုကြောင့် အသီးပျက်စီးမှုများသည့်အတွက် အသီးအထွက်နှုန်းလျော့နည်းသွားသည်ဟု ကျွဲကောသီးစိုက်တောင်သူတို့ထံမှ သိရသည်။

လက်ရှိ မော်လမြိုင်ဈေးကွက်တွင် ကျွဲကောသီးအလုံးအသေးတစ်လုံးလျှင် ကျပ် ၁၅၀၀ မှ ၃၅၀၀ ကြား၊ အလတ်တစ်လုံးလျှင် ကျပ် ၄၀၀၀ မှ ၆၀၀၀ ကြားနှင့် အလုံးကြီးတစ်လုံးလျှင် ကျပ် ၆၅၀၀၀ မှ ၁၀၀၀၀ ကြား ပေါက်ဈေးရှိနေသည်။

ယခုနှစ် ကျွဲကောသီးစျေးနှုန်းသည် ယခင်နှစ်ကထက် စျေး ၃ ဆခန့် မြင့်တက်လာကြောင်း စျေးကွက်အတွၚ်းမှ သိရသည်။

သွင်းအားစုစရိတ်ဖြစ်သည့် ဓာတ်ဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် လုပ်သားငှားရမ်းခ အဆမတန်မြင့်တက်လာနေသည့်အတွက် ကျွဲကောသီးစိုက်တောင်သူများ အကျိုးအမြတ်ရရှိမှုနည်းပါးလာသည်။

မွန်ပြည်နယ်တွင် ကျွဲကော်သီး ဧက ၃၂၀၀ ကျော် စိုက်ပျိုးလျှက်ရှိပြီး စံချိန်စံနှုန်းအရည်အသွေးမပြည်မှီခြင်းကြောင့် မွန်ဒေသထွက် ကျွဲကော်သီးများ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts