spot_img
Thursday, September 12, 2024
More
    spot_img
    Homeသတင်းစစ်ကောင်စီ သန်းခေါင်စာရင်းကိစ္စအတွင်း မပါဝင်ရန် ရွေးကောက်ပွဲ ဆန့်ကျင်နေသူတို့၏ တိုက်တွန်းစကားသံ

    စစ်ကောင်စီ သန်းခေါင်စာရင်းကိစ္စအတွင်း မပါဝင်ရန် ရွေးကောက်ပွဲ ဆန့်ကျင်နေသူတို့၏ တိုက်တွန်းစကားသံ

    -

    ရွေးကောက်ပွဲကျင်းပရန်အတွက် စစ်ကောင်စီမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်သည်ဟု သိရသည်။

    လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် အမှားအယွင်းမရှိ အမှန်အတိုင်း ဖြေကြားကြရန် စက်တင်ဘာလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

    စစ်ကောင်စီမှ ဖော်ဆောင်ရန်ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကိစ္စအပေါ် ပြည်သူတို့မပါဝင်ရန် ရွေးကောက်ပွဲဆန့်ကျင်နေသူတို့၏ စကားသံများကို စုစည်းတင်ပြထားသည်။

    မိကွန်ချမ်းနွန် (မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC)

    “ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ သန်းခေါင်စာရင်းကောက်သွားမယ်ဆိုပြီး မင်းအောင်လှိုင်တိုက်တွန်းခဲ့တာက မှန်ကန်တဲ့လုပ်ရပ်တစ်ခုမဟုတ်လို့ ကျမအရင်ဆုံပြောချင်တယ်။ နောက်ပြီးကျွန်မတို့ ပြည်သူပြည်သားတွေ စိုးရိမ်ကြောက်ကြပြီး ပါသွားမှာကိုလဲ ကျွန်မစိုးရိမ်တယ်။ ပြည်သူလူထုက သူ့စာရင်းမှာပါမသွားဖို့ ရှောင်တိမ်းရမယ်။ ဘာလို့လဲဆိုတော့ စာရင်းကို သူ့ရထားမယ်ဆိုရင် သူ့အကျိုးအတွက်ပဲ အသုံးပြုလိမ့်မယ်။ အခုချိန်မှာ သူ့က အဘက်ဘက်မှာ ရှုံးနေပြီးတော့ ဘယ်လိုပုံစံနဲ့ နိုင်ရမလဲ စတဲ့နည်းတွေနဲ့ ကြိုးစားနေတယ်။ သူ့ကြိုးစားနေတဲ့ အတောအတွင်းမှာ စာရင်းကောက်ပြီးတော့ ဘာလုပ်မလို့လဲဆိုရင် ရွေးကောက်ပွဲအတွက်မဟုတ်ပဲ သူ့အတွက်ပဲသုံးပြီး လူဘယ်လောက်ပျောက်နေလဲ လူဘယ်လောက်ရှိနေလဲ ပြီးရင် ဘယ်လိုမျိုးနည်းနဲ့ ဒီစာရင်းကိုအသုံးပြုပြီး လူတွေကို ဘယ်လိုထိမ်းချုပ်ရမလဲ ဆိုတာကို ပြုပြင်နေတယ်လို့ ကျွန်မပြောချင်တယ်။ ဒီအလုပ်က မှန်ကန်တယ် မထင်ဘူး။ သူ့လုပ်ပိုင်ခွင့်လဲ မရှိဘူး”

    ဒေါက်တာသီရိမွန်ချမ်း (မွန်ပြည်ကာကွယ်ရေးတပ် MSDF)

    “တိုးတက်နေတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် သန်းခေါင်စာရင်းကို ဒေသတစ်ခုမှာ လုပ်အားဘယ်လောက်ရှိလဲ ပညာအရည်အချင်းဘယ်လောက်အထိရှိလဲ၊ အဲဒီလိုစာရင်းတွေစုပြီးတော့ တိုးတက်ရေးစီမံကိန်းအတွက် အသုံးပြုတယ်။ နေရာချပေးတယ်။ ကျွန်တော်တို့နိုင်ငံလိုမျိုး စစ်အဏာလက်အောက်နိုင်ငံဆိုရင် ပြည်သူလူထုရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မသင့်တော်တဲ့နေရာတွေမှာသုံးနေတယ်။ ဥပမာ- စစ်မှုထမ်းဖို့ဆိုတာတို့၊ လက်ရှိအခြေအနေမှဆိုရင် အသက် ၃၅ ကနေ ၆၅ ဆိုရင် မြို့နယ်အဆင့်ပြည်သူ့လုံခြုံရေးလုပ်ရတာတို့ စတဲ့ အနေရာတွေမှာ သုံးနေတယ်။ ပြည်တွင်းမှာ တိုးတက်ရေးစီမံကိန်းအတွက် သုံးရမယ့်အစား ကိုယ့်ရဲ့ကိုယ်တာအချက်အလက်က သူတို့အကျိုးအတွက် အသုံးချနေတယ်ဆိုတော့ အခုမင်းအောင်လှိုင်ရဲ့ ပြောဆိုချက်နဲ့ လုပ်ဆောင်နေတာ ယုံလို့မရဘူး၊ မယုံကြည်ဖို့လည်းပြောချင်တယ်။

    နိုင်နဂါး (မွန်ပြည်တော်လှန်ရေးတပ် MSRF)

    “စစ်အဏာရှင် မင်းအောင်လှိုင်က ၂၀၂၄ မကုန်ခင် ပါစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ခုကျင်းပသွားမယ်လို့ပြောထားတယ်။ ရွေးကောက်ပွဲကျင်းပဖို့အတွက် သန်းခေါင်စာရင်းကိုလည်း ကောက်ယူသွားမယ်။ သန်းခေါင်စာရင်းကောက်တဲ့အချိန်ဆိုရင် မှန်မှန်ပြောပေးဖို့ကိုလည်း ပြည်သူလူထုကို ပြောထားတာရှိတယ်။ သူ့ဒီလိုပြောထားရခြင်းရဲ့ အကြောင်းအရင်းက ရွေးကောက်ပွဲနှင့်သန်းခေါင်စာရင်းက သူ့အတွက် တော်တော်အရေးကြီးတယ်လို့ သူ့စိတ်ထဲမှာမှတ်ထားတယ်။ ဘာလို့လဲဆိုတော့ ဒီကနေ့ သူ့ဒီလိုအဏာရပြီး အုပ်ချုပ်နေတာက ၂၀၂၀ က ရွေးကောက်ပွဲကြောင့် အကြောင်းပြထားတယ်။ ဒေါ်စုတို့ပါတီက မဲခိုးတဲ့အတွက်ကြောင့် သူ့အဏာသိမ်းခဲ့တယ်။ အဲဒီလို ကြေငြာပြီးတော့ လက်ရှိအချိန်ရဲ့ နိုင်ငံခေါင်းဆောင်ဖြစ်လာတယ်။ သို့ပေမဲ့ ပြည်ထုလူထုက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရမဟုတ်သောကြောင့် ပြည်တွင်းမှာရှိတဲ့ ပြည်သူပြည်သားတွေရော တစ်ကမ္ဘာလုံးကရော ဘယ်သူမှ လက်မခံပဲ သူရဲ့ အဏာကို ဆန့်ကျင်ဖယ်ရှားလာကြတယ်။ အဲဒီအတွက်ကြောင့်ပဲ ရွေးကောက်ပွဲအသစ်လုပ်ဖို့ စာရင်းအသစ်ကောက်ဖို့က သူ့အတွက်အရမ်းအရေကြီးတယ်။ အဲတာကြောင့်ပဲ သူ့အာဏာတွေ ဆက်လက်မတည်စေလိုရင် မပါဝင်ဖို့ပေါ့။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    27,800SubscribersSubscribe
    spot_img

    Latest posts