Homeသတင်းတော်လှန်ရေးတွင် ပါဝင်နေသည့်လူငယ်များကို လေးစားဂုဏ်ယူသည်ဟုဆို

တော်လှန်ရေးတွင် ပါဝင်နေသည့်လူငယ်များကို လေးစားဂုဏ်ယူသည်ဟုဆို

-

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် လူငယ်များကို လေးစားဂုဏ်ပြုသည်ဟု ယနေ့ သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အနေဖြင့် လူငယ်တို့က ပြောကြားလိုက်သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်သည့်လူငယ်များကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်တာ၊ တရားစွဲဆိုတာ၊ သတ်ဖြတ်တာတွေကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။

ယင်းအခြေအနေကြောင့် နိုင်ငံအနှံ့က လူငယ်များ လက်နက်ကိုင်ပြီး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့်လမ်းကို ရွေးချက်လာခဲ့ကြသည်။

“စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ လူငယ်တွေအပေါ် အများကြီး ဂုဏ်ယူလေးစားရပါတယ်။ စစ်အာဏာရှင်ကို ဒီကနေ့အချိန်အခါမှ မတော်လှန်ရင် နောက်နောင်မျိုးဆက်သစ်လူငယ်တွေလည်း ဆက်တိုက်ခံသွားရမှာ။ လူငယ်တွေ ဒီကနေ့ တော်လှန်နေတာဟာ နောက်မျိုးဆက်သစ်လူငယ်တွေအတွက်သာ ဖြစ်တယ်” ဟု လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

လူငယ်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို အတူတကွ တိုက်ပွဲဝင် သွားကြရန် တိုက်တွန်းလိုသည်ဟု လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် တိုက်တွန်းချင်တာက လူငယ်တွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အတူတကွ တိုက်ပွဲဝင်ပေးကြပါ။ ကျမတို့နိုင်ငံ တဖန် ပြန်လည်ကောင်းမွန်လာဖို့က ဒီကနေ့လူငယ်တွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုကြောင့် လူငယ်များ ရည်မှန်းချက်ပျောက်ဆုံးသွားခဲ့ရသလို အခွင့်အရေးများလည်း ဆုံးရှုံးသွားခဲ့ရသည်ဟု လူငယ်တို့က ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts