Homeသတင်းရေးတွင် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ(AD) ပူးပေါင်းတပ် ထိတွေ့တိုက်ပွဲဖြစ်

ရေးတွင် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ(AD) ပူးပေါင်းတပ် ထိတွေ့တိုက်ပွဲဖြစ်

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇူလိုင် ၁၀၊ ၂၀၂၄။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး ကွမ်းကျိုက်ကျေးရွာတွင် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် မွန်ပြည်သစ်ပါတီ (AD)၊ ရေးပြည်သူ့ကာကွယ်ရေး (YPDF) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ ခန့်က နယ်‌မြေရှင်းလင်းရန် လာသည့် စစ်ကောင်စီစစ်ကြောင်းကို မွန်ပြည်သစ်ပါတီ (AD) နှင့် YPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် ထိတွေ့တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့သည်။

“တိုက်ပွဲကပြင်းထန်ပြီး ၂ နာရီလောက်ကြာတယ်။ အစက စကစတပ်ဖွဲ့အင်အားက ၅၀ လောက်ဘဲ၊ နောက်မှ သူတို့ စစ်ကူ ၅၀ လောက် ထပ်ရောက်လာပြီး အင်‌အားက ၁၀၀ လောက် ဖြစ်သွားတယ်” ဟု မွန်ပြည်သစ်ပါတီ (AD) ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညာမွန်က ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅ ဦးခန့် သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း နိုင်ဗညာမွန်က ဆက်ပြောသည်။

ကွမ်းကျိုက်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံ ထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“နှစ်ဖက်တိုက်ပွဲမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေရော ပစ်ခက်ကြတယ်။ အဲမှာ ဒေသခံတစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့ သိရတယ်” ဟု ‌ကွမ်းကျိုက်ဒေသခံတစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် ရေး-သံဖြူဇရပ်လမ်းတလျှောက်တွင် နယ်မြေရှင်းလင်းရန် ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်မှု မကြာခဏ ပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts