spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းVPN ဆော့ဝဲလ်ကြောင့် ဖမ်းဆီးခံရလျှင် တိုင်ကြားနိုင်ဟု စစ်ကောင်စီအထက်အဆင့်ပုဂ္ဂိုလ်တို့မှဆိုသော်လည်း ေအာက်ခြေတွင် ဖမ်းဆီးငွေညှစ်နေ

    VPN ဆော့ဝဲလ်ကြောင့် ဖမ်းဆီးခံရလျှင် တိုင်ကြားနိုင်ဟု စစ်ကောင်စီအထက်အဆင့်ပုဂ္ဂိုလ်တို့မှဆိုသော်လည်း ေအာက်ခြေတွင် ဖမ်းဆီးငွေညှစ်နေ

    -

     လက်ကိုင်ဖုန်းထဲတွင် VPN ဆော့ဝဲလ် ထည့်သွင်းအသုံးပြုမှုကြောင့် ဖမ်းဆီးခံရလျှင် တိုင်ကြားနိုင်ဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောဆိုလာသော်လည်း အောက်ခြေအဆင့်တွင် ဖမ်းဆီးငွေညှစ်နေဆဲဖြစ်သည်ဟု သိရသည်။

    VPN အသုံးပြုမှုကြောင့် ဖမ်းဆီးစစ်ဆေးခံရသူတို့သည် တိုင်ကြား လျှောက်ထားနိုင်သည်ဟု ယမန်နေ့ ဇွန် ၂၄ ရက်နေ့တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ မြို့နယ်အများစုတွင် ဒေသခံတို့ ဒဏ်ငွေဆောင်နေရဆဲဖြစ်သည်ဟု သိရသည်။

    အွန်လိုင်းပေါ်တွင် ဆက်သွယ်ပြောဆိုနိုင်ရန်နှင့် ဆိုရှယ်မီဒီယာအသုံးပြုနိုင်ရန် VPN ဖြင့် ဆက်သွယ်အသုံးပြုနေသူတို့သည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့မှ ငွေကျပ် ၃ သိန်းအထိ ကောက်ခံနေသည်ဟု ဒဏ်ငွေဆောင်ရသည့် ဒေသခံတစ်ဦးကဆိုသည်။

    " သူတို့က(စစ်ကောင်စီ)က လမ်းမှာလိုက်စစ်နေတယ်လေ၊ ဖုန်းအပြင်ဘက်ကို မတွေ့ရင် (setting) အထိကို သွားစစ်တာ၊ သူတို့ရှာတွေ့ရင် ဒဏ်ငွေ ၁သိန်း ၂ သိန်းနဲ့ ၃ သိန်းအထိကိုတောင်းတာ၊ အဲ့ကြောင့် အသွားအလာ အရမ်းသတိထားနေရတယ် "ဟု ဆိုသည်။

    လူမှုကွန်ရက်အသုံးပြုရာတွင် VPN နှင့် ချိတ်ဆက်အသုံးပြုထားကိစ္စကို စစ်ကောင်ဘက်မှ ဥပဒေနှင့်တကွတင်းတင်ကြပ်ကြပ်ပိတ်ပင်ထားသွားမည်ဟု ပြည်သူတို့ကြား သတင်းထွက်ပေါ်လျှက်ရှိသည်။

    သို့သော်နည်း ဥပဒေနှင့်တကွ တရားဝင်တာဆီးပိတ်ပင်မှု မထွက်ခင်ကပင် စစ်ကောင်စီ၏ အောက်ခြေအဆင့်တပ်သားအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့မှ ပြည်သူလူထုတို့အပေါ် ငွေညှစ်တောင်းခံနေသည်။

    "အခုက VPN နဲ့ပတ်သတ်ပြီးစစ်ဆေးတာက တော်တော်လေးကိုများနေတာ၊ သူတို့(စစ်ကောင်စီ)က တိတ်တိတ်လေးစစ်ဆေးနေတာ မြို့နယ်တိုင်းလိုလိုပဲ ရေးမှာရော သံဖြူဇရပ်မှာရော မော်လမြိုင်မှာရောပဲ၊ ဒါပေမဲ့ ထူးခြားတာက လမ်းမတန်းတွေလို ပေါ်ပေါ်ထင်ထင်နေရာမှာ စစ်တာမဟုတ်၊  လမ်းလွှဲလိုနေရာမျိုးတွေမှာစစ်တာ၊ အသွားအလာများတဲ့နေရာတွေမှာ စစ်ဆေးပြီးတော့ ပစ်ဒဏ်တွေကို စွပ်စွဲတာလည်းမဟုတ်ဘူး သူတို့က လူအခြေအနေကိုကြည့်ပြီး တောင်းတယ်ဆိုတော့ ပေးနေရတာပေါ့"ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ဆိုသည်။

    မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်၊မုဒုံမြို့နယ်၊ ရေးမြို့နယ်အပါအဝင် အခြားမြို့နယ်အသီးသီးတွင်လည်း VPN ချိတ်ဆက်အသုံးပြုခြင်းကြောင့် ဖမ်ဆီးဒဏ်ငွေဆောင်ရခြင်းတို့ လုပ်ဆောင်လျှက်ရှိနေသည်ဟု သိရသည်။

    ယနေ့နိုင်ငံရေးကိစ္စကြောင့် ဖြစ်ပေါ်လာသည့် တိုက်ပွဲအခြေအနေတို့တွင် စစ်ကောင်စီအဖွဲ့မှ စစ်မျက်နှာပြင်ဖြစ်နေသည့်ရွာအတွင်း ဒေသခံတို့၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတို့ကို စိတ်ကြိုက်ခိုးယူနေသည့်အပြင်၊ လတ်တလော လုံခြုံရေးအခြေအနေကို အကြောင်းပြုပြီး ပြည်သူလူထုတို့ကို တရားဝင်သတိပေးပြောဆိုခြင်းမရှိဘဲ စစ်ကောင်စီအောက်ခြေအဖွဲ့တို့က VPN အသုံးပြုသူတို့ကို ဖမ်းဆီးကာ ငွေကြေးတောင်းခံမှုတို့ နေ့စဉ်လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks