Homeသတင်းဘီးလင်းမြို့နယ်အတွင်းရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

ဘီးလင်းမြို့နယ်အတွင်းရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

-

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် ၊ ဘီးလင်း – ဖာပွန်ကားလမ်းပေါ်ရှိ တံတားတစ်စင်း ယနေ့မေလ ၆ရက်နေ့ နံနက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဘီးလင်းမြို့နယ် ၊နတ်ကြီးကျေးရွာအုပ်စု ပျဉ်သာကျေးရွာအနီးရှိ ကညင်ပင်ကွင်းတံတားသည် ပေ ၈၀ ခန့်ရှိပြီး လက်ရှိဖောက်ခွဲခံထားရခြင်းကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့သည်ဟု သိရသည်။

“ဒီမနက်မှာပဲ ဖောက်ခွဲအသံ အကျယ်ကြီးကြားရတယ် ဘာအသံလည်းပေါ့ သွားကြည့်တော့မှာပဲ တံတား ဖောက်ခွဲခံရတာသိရတယ် ဘယ်သူတွေ ဖောက်ခွဲလိုက်တာတော့ တိတိကျကျမသိဘူး” ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဘီးလင်း – ဖာပွန်ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မည်သည့်လက်နက်ကိုင်အဖွဲ့မှ ဖောက်ခွဲထားသည်ကို ယနေ့မေလ ၆ ရက်နေ့ နေ့လည်ပိုင်းအထိ ထုတ်ပြန်ပြောဆိုလာခြင်းမရှိသေးပေ။

မိုင်းခွဲခံရမှုကြောင့် တံတားတစ်စင်းလုံး ပြိုကျခဲ့ပြီး လမ်းပန်ဆက်သွယ်ရေး ပြတ်တောက်ကာ လက်ရှိ အိမ်စီးကားသေးများ ရွာချင်းဆက်လမ်းများမှတဆင့် သွားလာနေကြရကြောင်း ဒသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၆ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း – ဖာပွန်လားလမ်းပေါ်ရှိ တံတားအရှည်ပေ ၁၂၀ ရှိသည့် သံကူကွန်ကရစ်တံတား ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အလားတူ မေလ ၄ ရက်နေ့တွင်လည်း သထုံမြို့နယ်၊ တံတားဦးကျေးရွာအနီး ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်ရှိ အရှည်ပေ ၁၅ ပေရှိသည့် တံတားတစ်စင်းဖောက်ခွဲခံရပြီး  တံတားလက်ရမ်းနှင့် ကုန်တင်ကားတစ်စီး ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts