Homeသတင်းစစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ ထွက်ခွာသွားသည့် တရားမဝင်အလုပ်သမားတို့အတွက် စီမံချက်ရေးဆွဲနေ

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ ထွက်ခွာသွားသည့် တရားမဝင်အလုပ်သမားတို့အတွက် စီမံချက်ရေးဆွဲနေ

-

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ထွက်ခွာပြီးတရားမဝင်အလုပ်သမားအဖြစ် ရပ်တည်နေရသည့် မြန်မာနိုင်ငံသားတို့ကို  ကာကွယ်ရန် စီမံချက်များရေးဆွဲနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနမှ ယနေ့ကျရောက်သည့် ကမ္ဘ့ာအလုပ်သမားနေ့တွင် Rehmonnya FMသတင်းဌာန၌ ပြောကြားခဲ့သည်။

လတ်တလော ပြည်ပနိုင်ငံအသီးသီးတွင် တရားမဝင်ရွေ့ပြောင်းနေထိုင်နေသည့် မြန်မာနိုင်ငံမှ တရားမဝင်အလုပ်သမားများကို တစ်နည်းတစ်ဖုံ ကာကွယ်နိုင်ရန် စီမံချက်များရေးဆွဲလျှက်ရှိပြီး
အကောာင်ထည်ဖော်ဆောင်ရွက်သည့်အဆင့်သို့ မရောက်သေးကြောင်း NUG အလုပ်သမားရေးရားဝန်ကြီးဌာနမှ နိုင်သုဝဏ္ဏက ပြောကြားခဲ့သည်။

“တစ်ခါတစ်လေ သူတို့(ထိုင်းအစိုးရ)ဘက်ကနေ ဖမ်းမိတဲ့အတွက် ပြန်ပို့လိုက်တာလည်းရှိတယ်။ အဲ့တာတွေအတွက် ကျွန်တော်တို့က စီမံချက်တွလေ့လာတော့ပြုတုန်းပဲရှိတာ၊ ကျွန်တော်တို့က တာဝန်ဝတ္တရားအရ ဆောင်ရွက်ချက်တွေ ကာယကံမြောက်တွေမရှိသေးဘူး။ ပြင်ဆင်ထားတာ လေ့လာထားတာ ဒီအနေအထားတော့ရှိတယ် ” ဟုဆိုသည်။

စီမံချက်အကောင်ထည်မဖော်နိုင်သေးသော်လည်း  အလုပ်သမားအခွင့်ရေးကိုချိုးဖောက်ခံနေရသည့် ပြည်ပရောက် မြန်မာအလုပ်သမားတို့အတွက်  Myanmar Migrant Workers Council (MMWC)မှ သက်ဆိုင်ရာနိုင်ငံတို့၏ အလုပ်သမားဝန်းကြီးဌာနနှင့်ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်မှု လုပ်ဆောင်လျှက်ရှိသည်ဟု ဆက်ပြောသည်။

ထို့အပြင် လက်ရှိပြည်တွင်းတွင် အထည်ချုပ်လုပ်သားတို့ကို စစ်ကောင်စီနှင့် အလုပ်ရှင်တို့ပေါင်းပြီး အလုပ်သမားခေါင်းပုံဖြတ်မှု အများဆုံးဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

NUG အနေဖြင့် ပြည်တွင်းရှိ အလုပ်သမားအခွင့်ရေးကို ချိုးဖောက်ခံနေရသည့် ပြည်သူတို့ကို ကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှ ဖြစ်စေ ဆောင်ရွက်ပေးနေကြောင်း နိုင်သုဝဏ္ဏက ဆက်ပြောသည်။

“ပြည်တွင်းမှာဆိုရင်လည်း တစ်ခါတစ်လေကျွန်တော်တို့က on groundအရလည်း ဆက်သွယ်တာ အနည်းအကျဉ်းတော့ရှိပါတယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ တကယ့်ကိုထိရောက်မှုရှိတဲ့ပုဂ္ဂိုလ်၊ ဒေသတွေကိုရောက်အောင် အထူးသဖြင့် on ground ကိုအားကိုးရတယ်"ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီမှ  စစ်မှုထမ်းရန် နည်းလမ်းအမျိုးမျိုးဖြင့် ခေါ်ယူနေသည့်အပြင် မတရားဖမ်းဆီးခေါ်ဆောင်မှုတို့ရှိနေခြင်းကြောင့် သင်္ကြန်လွန်ကာလတွင် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သူ ပိုများလာပြီး ဖမ်းဆီးခံရမှုတို့ ဆက်တိုက်ရှိနေသည်ဟု ထိုင်းသတင်းဖော်ပြချက်အရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဏာသိမ်းမှုကိုဆန့်ကျင်နေသည့် CDM ဝန်ထမ်းနှင့်မိသားစုဝင်တို့အတွက် အလုပ်အကိုင်နှင့် လုံခြုံမှုရှိအောင် နေရာအထိုင်အခင်းတို့ကို စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts