Home သတင်း ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှုး လက်ထောက်ဆိုသူပစ်ခတ်ခံရ

ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှုး လက်ထောက်ဆိုသူပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး၏ လက်ထောက်ဆိုသူကို  စစ်ကောင်စီ၏ ဒေါက်တိုင်ဟုဆိုကာ ပစ်ခတ်ရှင်းလင်လိုက်သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့ KRF မှ ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီလ ၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် တောင်စွန်းကျေးရွာအုပ်စုရေးမှူး၏လက်ထောက် ဦးကျော်ကျော်ဆိုသူကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRFနှင့် ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့တို့ ဦးစန်းမောင် ဆီဆိုင်ရှေ့တွင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် ဦးကျော်ကျော်သည် စစ်ကောင်စီကျင်းပသော အစည်းအဝေးများကို အုပ်ချုပ်ရေးမှူးကိုယ်စား တက်ရောက်လေ့ရှိပြီး၊ စစ်မှူးထမ်းကိစ္စအတွက် တောင်စွန်းကျေးရွာနှင့် ဇုတ်သုတ် ကျေးရွာအတွင်းရှိလူငယ်များကို စာရင်းကောက်ခံစုဆောင်းမှုတို့ လုပ်ဆောင်နေသည်ဟု ဘီးလင်းမြို့ခံတစ်ဦးက ဆိုသည်။

“စစ်မှူးထမ်းမယ့်သူတွေကိုစည်းရုံပြီး လိုက်ရှာနေတာ၊ စစ်မှူးထမ်းမဲ့ကိစ္စနဲ့ အုပ်ချုပ်ရေးမှူးက မလုပ်ချင်တာကို ရှောင်နေတာ သူပဲအစည်းအဝေးတွေလျှောက်တက် လျှောက်လုပ်ပေးနေတယ်၊ ဘီးလင်းမှာဒါပထမဦးဆုံးပဲ၊ တောင်စွန်းရွာနဲ့ ကျိုက်ထိုက တော်တော်နီးတော့၊ ကျိုက်ထို PDF သူတို့ပစ်သတ်လိုက်တယ် ” ဟု ဘီးလင်းမြို့ခံကဆက်ပြောသည်။

စစ်ကောင်စီနှင့်ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်မှုဆိုင်ရာ စစ်မှူးထမ်းဥပဒေကိစ္စဆိုင်ရာ အတင်းအကြပ် ဆောင်ရွက် နေသူတို့ ဆက်တိုက်ပစ်ခတ်ခံရပြီးနောက် နှုတ်ထွက်လိုက်သည့် အုပ်ချုပ်ရေးမှုးတို့ရှိသကဲ့သို့
တိမ်းရှောင်နေရသူတို့လည်း ရှိသည်။

ပြီးခဲ့သည့် မတ်လတစ်လတာတွင်  ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့်နီးစပ်သည့် အုပ်ချုပ်ရေးမှူး၊ ဘုန်းကြီး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ပျူစောထီးအပါအဝင် စစ်မှူးထမ်းကိစ္စပါဝင်ဆောင်ရွက်သူ စုစုပေါင်း ၆ ဦး ပစ်ခတ်ခံခဲ့ရကြောင်း  စုစည်းထားသည့် သတင်းအချက်အလက်တို့အရ သိရသည်။

စစ်မှူးထမ်းဥပေဒကိုအကောင်ထည်ဖော်ဆောင်ရွက်ရာ၌ ကိုယ်တိုင်ကိုယ်ကျပါဝင်သူနှင့် ပူးပေါင်းဆောင်ရွက် သူများကို ထိရောက်စွာအရေးယူသွားမည်ဟု ကျိုက်ထိုမြို့နယ်လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုမှ ပြီးခဲ့ သည့် မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.