Homeသတင်းရေးမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပနေ

ရေးမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပနေ

-

မွန်ပြည်နယ် ၊ရေးမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို တူးမြောင်းကျေးရွာအုပ်စု ၊ပုပ္ဖဝတီကျေးရွာ ကျိုက်ဒေတမော့ဗရတ်သာသနာပြုနယ်မြေ (ကိုရင်လေး ဆရာတော်ကျောင်း) တွင် ကျင်းပနေသည်ဟု သိရသည်။

စာမေးပွဲကို စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပလျှက်ရှိပြီး ဓမ္မာစရိယအတန်းကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၂ရက်နေ့အထိလည်းကောင်း၊ ပါဠိပထမပြန် (ကြီး၊လတ် ၊ငယ်၊မူ) အတန်းများကို ဧပြီလ ၃ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ အထိလည်းကောင်း ဖြေဆိုလျှက်ရှိသည်။

“ ဒီနေ့က ဓမ္မာစရိယအတန်းအတွက် နောက်ဆုံးရက် ဖြစ်တယ်ပေါ့ ဒါပြီးရင် ပါဠိပထမပြန် အခြေပြု မူလ၊အငယ် ၊အလတ် ၊အကြီး သံဃာတော် အပါး ၁၀၀၀ က ၉ရက်နေ့အထိ ဆက်တိုက်ဖြေဆိုသွားမယ် စာကျတန်း(ဓမ္မာစရိယ) က နည်းတယ် ပထမပြန်က ထောင်ကျော်လာဖြေတယ်”ဟု မြို့နယ်
စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဓမ္မာစရိယအတန်းကို ဝင်ရောက်ဖြေဆိုရန် သံင်္ဃာတော် ၉၈ ပါးစာရင်းသွင်းထားသော်လည်း ၈၁ ပါးသာဝင်ရောက်ဖြေဆိုခဲ့ပြီး ပါဠိပထမပြန်အသုတ်အတွက် သဃာၤတော် အပါး ၁၀၀၀ စာရင်းသွင်းထားကြောင်း သိရသည်။

သို့သော် ယခုနှစ် ဓမ္မာစရိယစာမေးဖြေဆိုဝင်ရောက်ဖြေဆိုသည့် သင်္ဃာတော်တို့သည် ယခင်ကထက် ပိုမိုများပြားနေခြင်းကြောင်း နှစ်သုတ်ခွဲဖြေဆိုခဲ့ရကြောင်း ဦးဆောင်ကျင်းပသူတို့က ဆိုသည်။

ပရိယတ္တိစာမေးပွဲကို မွန် ၊မြန်မာ ၊ပါဠိသုံးဘာသာတွင် ကြိုက်နှစ်သက်ရာဘာသာဖြင့် ဖြေဆိုနိုင်ပြီး ဒေသအသီးသီးရှိ ပရိယတ္တိစာသင်တိုက်များ၊ ပါဠိတက္ကသိုလ်ကျောင်းတိုက်များမှ စာသင်သား ရဟန်း၊ သာမဏေတို့ ဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts