Homeသတင်းမွန်တိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုဟု စစ်ကောင်စီ ကြေညာ

မွန်တိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုဟု စစ်ကောင်စီ ကြေညာ

-

မွန်တိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတယ်လို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မွန်တိုးတက်ရေးပါတီရဲ့ မှတ်ပုံတင်အမှတ်မှာ (၄၈) ဖြစ်ပြီး ပါတီဗဟိုရုံးချုပ်ကိုတော့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မွန်ညီညွတ်ရေးပါတီ (MUP) ဟာ ကရင်ပြည်နယ်မှာ စည်းရုံးနိုင်ဖို့အတွက် မွန်တိုးတက်ရေး ပါတီနာမည်နဲ့ စစ်ကောင်စီ ပြည်ထောင်စုရွေးကော်မရှင်မှာ ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ခွင့်ပြုချက်ရရှိခဲ့ပါတယ်။

ပါတီနာမည်ပြောင်းလဲထားပေမယ့် မွန်ညီညွတ်ရေးပါတီ MUP မူဝါဒအတိုင်း ဆက်သွားမယ့် ကရင်ပြည်နယ်အခြေပြု မွန်တိုးတက်ရေးပါတီကို ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

မွန်တိုးတက်ရေးပါတီအနေနဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ဘားအံနှင့် မြဝတီမြို့နယ်တို့မှာ ပါတီရုံး ဖွင့်လှစ်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်မှာ စည်းရုံးမယ့် မွန်တိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးသော်လည်း မွန်ပြည်နယ်အခြေပြု စည်းရုံးမယ့် မွန်ညီညွတ်ရေးပါတီကိုတော့ ဒီကနေ့အထိ မှတ်ပုံတင်ခွင့် မပြုသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts