Homeသတင်းပေါင်တွင် စစ်မှုထမ်းသူမရှိ၍  ဆန္ဒပြုလျှောက်ထားသူ ၁၀ ဦးကျော်ကို စာရင်းသွင်းထား

ပေါင်တွင် စစ်မှုထမ်းသူမရှိ၍  ဆန္ဒပြုလျှောက်ထားသူ ၁၀ ဦးကျော်ကို စာရင်းသွင်းထား

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်မှုထမ်းသင်တန်း တက်ရောက်မည့်သူမရှိသဖြင့် မိမိသဘောဆန္ဒဖြင့် လာရောက် လျှောက်ထားသူ volunteer ၁၀ ဦးကျော်ကို အစားထိုးစာရင်းသွင်းထားသည်ဟု ပေါင်မြို့နယ် အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ပေါင်မြို့နယ်တွင် စစ်ကောင်စီ အုပ်ချုပ်ရေးမှုးရုံးမှ စစ်မှုထမ်းရန် တစ်ရွာ ၂ ယောက်နှုန်းဖြင့် ရုံးမှအပြီးအမည်တပ်ဆင့်ခေါ်ခဲ့ပြီး ထိုသူတို့သည် ကျေးရွာတွင် နေထိုင်ခြင်းမရှိသည့်အတွက် အစားထိုး စာရင်းသွင်းထားရခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ မြို့နယ်အုပ်ချုပ်ရေးမှူးစီစစ်ပြီးတော့မှ တစ်ရွာကို နှစ်ယောက်နှုန်းနဲ့  နာမည်စာရင်းပို့လာတယ်၊ ပို့ထားတဲ့ စာရင်းထဲက လူတွေက ရွာထဲမှာမရှိပဲနဲ့ တခြားမှာ အလုပ်သွားလုပ်နေကြတော့ မုတ္တမဘက်က volunteer ၁၀ယောက်ကျော်ကိုပဲခေါ်ထားရတယ်ပေါ့ "ဟု ဆိုသည်။

 ၎င်း volunteer ၁၀ ဦးကျော်တို့သည့် မုတ္တမြို့ဒေသခံတို့ဖြစ်ပြီး ကိုယ်တိုင်စစ်မှုထမ်းလို၍ volunteer အဖြစ် လာရောက်လျှောက်ထားခြင်းဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

" volunteer ပေါ့ လုပ်ချင်တယ်ဆိုပြီး ဆန္ဒပြုထားတဲ့လူတွေ မုတ္တမဘက်ခြမ်းက ၁၀ယောက်လောက်ရထားတယ် တခြားရွာက တစ်ယောက် ၊နှစ်ယောက်လောက်ရတယ် သူတို့ကိုယ်တိုင် ဆန္ဒပြုတဲ့လူတွေ ဖြစ်တယ်”ဟု ဆိုသည်။

လက်ရှိစာရင်းသွင်းခံရသူတို့သည် သင်္ကြန်ကာလအလွန် မေလတွင် သက်ဆိုင်ရာ မွန်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စစ်သင်တန်းကျောင်းသို့တက်ရောက်ရမည်ဟုလည်း ဆိုသည်။

ထို့အပြင် စစ်မှုထမ်းမည့်သူတို့ကို ငွေကြေးထောက်ပံ့ရေးအပြင် ဒေသခံတို့ထံ ငွေကြေးကောက်ခံသည့် ကိစ္စတို့မရှိသေးကြောင်း  ၎င်းအုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူကဆိုသော်လည်း ဒေသခံတို့ထံမှ အတည်မပြုနိုင်သေးပေ။

ပေါင်မြို့နယ်တွင် စစ်ကောင်စီ လဝကရုံးမှ စစ်မှုထမ်းရန်အကြုံးဝင်သည့် လူငယ်စာရင်းတို့ကို ပေါင်မြို့နယ် စစ်ကောင်စီ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ကိုယ်တိုင်စိစစ်ပြီး လူငယ်များကို ဆင့်ခေါ်နေကြောင်း သိရသည်။

ထို့အပြင် မွန်ပြည်နယ်  ချောင်းဆုံမြို့နယ်မှ စစ်မှူးထမ်းဆောင်ရန် ရွေချယ်ထားသည့် ဒေသခံ ၃၅ ဦးတို့ကို ပြီးခဲ့သည့်မတ်လ ၃၀ ရက်နေ့က သက်ဆိုင်သည့် စစ်သင်တန်းကျောင်းနေရာသို့ အရောက် ပို့ဆောင်ခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းမြစ်တို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts