Homeသတင်းသံကလောင်ရွာမှာ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကိုစစ်ကောင်စီတပ်က ပစ်သတ်

သံကလောင်ရွာမှာ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကိုစစ်ကောင်စီတပ်က ပစ်သတ်

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် သံကလောင်ရွာသား သက်ကြီးပိုင်း မွန်အမျိုးသားတစ်ဦးကို မတ်လ ၃၀ ရက်၊ ညနေ ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်လိုက် တယ်လို့ သိရပါတယ်။

ကော့ဘိန်းတိုက်ပွဲဖြစ်ပွားချိန်ကတည်းက သံကလောင်ရွာ ဘုန်းကြီးကျောင်းမှာ ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာပြင်ဘက် သီးနှံစိုက်ခင်းတစ်နေရာမှာ အဲဒီမွန်အမျိုးသားကို ပစ်သတ်လိုက်တာလို့ ဒေသတွင်းသတင်းအရင်းမြစ် တစ်ဦး က ပြောပါတယ်။

“ရွာ တောင်ဘက်မှာရှိတဲ့ သူ စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေကို ရေလောင်းပေးနေတုန်း ဗမာစစ်သားတွေက သူ့ကိုတွေ့လို့ လှမ်းခေါ်တယ်၊ ဗမာစစ်သားကို မြင်တော့ ကြောက်စိတ်နဲ့ တစ်ယောက်ထဲ ဟိုရောင် ဒီရောင် ဖြစ်နေချိန်မှာပဲ သူ့ကိုပစ်သတ်လိုက်တာ၊ ပွဲချင်းပြီးပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၆၀ ဝန်းကျင်ရှိတဲ့ နိုင်ကရွမ်း (နာဲကရမ်) ဆိုသူဖြစ်ပြီး စစ်ဘေးမရှောင်ပဲ သံကလောင်ရွာ နေအိမ်မှာ ဆက်လက်နေထိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၂၉  ရက်၊ ည ၁၀ နာရီကျော်ကနေ ၁၂ နာရီခွဲအထိ သံကလောင်နှင့် ဓမ္မသကျေးရွာကြား မှာ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လက်ရှိအခြေအနေအရ ရမ္မဝတီကားလမ်းမတစ်လျှောက်ရှိ ခရုံဂူး၊ တရာနား၊ သံကလောင် ကျေးရွာအထိကို စစ်ကောင်စီတပ်ဘက်က နေရာယူ ဝင်ရောက်တပ်စွဲထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts