Homeမာဒီမီဒီယာဗီဒီယိုမဟာမိတ်ပုံစံဖြင့် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းသွားမည်ဟု NCA (၇) ဖွဲ့ ထုတ်ပြန်

မဟာမိတ်ပုံစံဖြင့် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းသွားမည်ဟု NCA (၇) ဖွဲ့ ထုတ်ပြန်

-

လက်ရှိနိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကျော်လွှာနိုင်ရေးအတွက် မဟာမိတ်ပုံစံဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ဆက်လက်ကြိုး ပမ်းအားထုတ်သွားမည်ဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့တို့က ယနေ့ ထုတ်ပြန်လိုက်သည်။

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို၂၀၂၄ ခုနှစ်၊ မတ်လ (၁၇-၁၈) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြီးစီးခဲ့ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 Ethnic Armed Organizations Alliance-7 EAO Alliance) ကို ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိပြောင်းလဲဖွဲ့စည်းလိုက်သည့် 7 EAO Alliance ဦးဆောင်အဖွဲ့တွင် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွဲ့ခေါင်းဆောင်၊ NMSP ဒုဥက္ကဌ နိုင်အောင်မင်းက ဒု-ခေါင်းဆောင် အဖြစ် တာဝန်ယူစေပြီး အထွေထွေအတွင်းရေးမှုအဖြစ် RCSS မှ ဗိုလ်မှုးကြီး စိုင်းငင်း၊ တွဲဘက်အတွင်းရေးမှုအဖြစ် KNU/KNLA-PC မှ ဗိုလ်မှုးကြီး စောကျော်ညွန့်အပါအဝင် အတွင်းရေးမှုးအဖွဲ့ဝင် (၈) ဦးတို့ဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။

ချင်းမိုင်မြို့ မျက်နှာစုံညီအစည်းအဝေးကြီးမှ ချမှတ်ထားသည့် နိုင်ငံရေး အစီအစဥ်များ အကောင်အထည်ဖော်ရေးနှင့် လုပ်ငန်းစဥ်များကို စနစ်တကျ ဖော်ဆောင်နိုင်ရေးအတွက် အထက်ပါ ဖွဲ့စည်းလိုက်သည့် ဦးဆောင်အဖွဲ့နှင့် အတွင်းရေးမှုးအဖွဲ့တို့က တာဝန်ယူလုပ်ဆောင်သွားရမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts