spot_img
Thursday, January 22, 2026
More
    spot_img
    Homeသတင်းသစ်ကတိုက်ကျေးရွာကို  စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ဟု ဆို

    သစ်ကတိုက်ကျေးရွာကို  စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ဟု ဆို

    -

    ယနေ့ မွန်းလွဲပိုင်းအချိန်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းဘေးရှိ သစ်ကတိုက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

    ဘုရားသုံးဆူမြို့နှင့် ကီလိုမီတာ ၃၀ ခန့် ဝေးသည့် မယ်ဇလီကျေးရွာအုပ်စု၊ သစ်ကတိုက်ကျေးရွာအနီး တဝိုက်ကို ယနေ့မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ဗုံး ကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသည့် ဒေသခံအများအပြားရှိနိုင်ကြောင်း ခန့်မှန်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “သစ်ကတိုက်ရွာက အပလုံရွာနဲ့နီးတယ်၊ ကရင်ရွာလည်းဖြစ်တယ်၊ သူတို့ကြဲချလိုက်တဲ့ ဗုံး ၄ လုံးက အဲဒီရွာရဲ့ ဘုန်းကြီးကျောင်းနားမှာ ကျတယ်၊ နောက် ပီလောပီနံလုပ်ငန်းခွင်မှာရှိနေတဲ့ လူတွေကြားမှာလည်း ကျတယ်၊ တော်တော်များများ ထိခိုက် သေဆုံးတာတွေရှိတယ်လို့ ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

    အဆိုပါ စစ်ကောင်စီ၏ တိုက်လေယာဥ်သည် ဘုရားသုံးဆူမြို့ပေါ်ကို ခေတ္တပျံဝဲပြီးကာမှ တစုံတရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သစ်ကတိုက်ကျေးရွာဘက်သို့ ဦးတည်ပျံသန်း၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

    လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ စခန်းချနေထိုင်ခြင်းမရှိတော့သည့် သစ်ကတိုက် ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်း အသုံးပြုပြီး ယခုကဲ့သို့ ဗုံးကြဲခြင်းသည် သာမန်အရပ်သာပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်သိသလောက်ဆိုရင် အဲဒီနေရာက ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှလည်း မရှိနေဘူး၊ သက်သက်မဲ့ လူထုကို ပစ်မှတ်ထားပြီးတော့ စစ်တပ်က လာလုပ်တာလို့ မြင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိအခြေအနေအရ ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် မြဝတီမြို့နယ်များအတွင်း စစ်ကောင်စီတပ်နှင့် KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts