spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်လာမည့် အရိပ်အယောင်ရှိဟု ခန့်မှန်ပြောဆိုမှုများရှိနေ

    မွန်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်လာမည့် အရိပ်အယောင်ရှိဟု ခန့်မှန်ပြောဆိုမှုများရှိနေ

    -

    ယခုကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်အတွက် တက္ကသိုလ်ဝန်တန်းစာမေးပွဲ ဖြေဆိုပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း စစ်ရေး ပိုပြင်းထန်လာမည့် အရိပ်အယောင်များ တွေ့ရှိနေသည်ဟု ဒေသခံများက ခန့်မှန်ပြောဆိုနေကြသည်။

    လတ်တလောတွင် မွန်ပြည်နယ်တွင်ရှိသည့် မြို့နယ်အချို့၌ တပ်ဖွဲ့ဝင်အင်အားများ ဖြန့်ကျက်နေရာယူထားပြီးသာဖြစ်သည့် မွန်ပြည်သစ်ပါတီ (AD) က စစ်ကောင်စီနှင့် တိုက်ပွဲငယ်များ စတင်ဖော်ဆောင်လာသည်ကို တွေ့ရသည့်အတွက် ဒေသခံများမှ စိုးရိမ်နေကြခြင်းဖြစ်သည်။

    “အခု မွန်ပြည်သစ်ပါတီ (AD) စစ်ရေးလှုပ်ရှားမှုကို ကြည့်လိုက်ရင် အင်အားတွေ ပြလာနေတယ်၊ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့အခြေအနေမှာ ရှိနေတယ်၊ နောက် တပ်ဖွဲ့ဝင်တွေကိုလည်း နေရာစုံမှာ သူတို့ဖြန့်ကျက်ထားတာကို တွေ့ရတယ်။ ဆိုတော့ ဒီဆယ်တန်းစာမေးပွဲပြီးရင် မွန်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိနိုင်တယ်” ဟု မုဒုံအခြေစိုက် အရပ်ဖက်လူမှု အဖွဲ့အစည်းတွင် ပါဝင်လှုပ်ရှားနေသူ ဒေသခံတစ်ဦးက ခန့်မှန်ပြောဆိုသည်။

    ယခု ၂၀၂၃-၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပလျှက်ရှိသည်။

    ယင်းကဲ့သို့ စစ်ရေးအခြေအနေများ ပိုမိုပြင်းထန်လာမည့် အရိပ်အယောင် တွေ့ရှိနေရသည့်အပေါ် မွန်ပြည်နယ်က ဒေသခံပြည်သူလူထုများ စိုးရိမ်လျှက်ရှိကြပြီး စားနပ်ရိက္ခာများ ကြိုတင်ဝယ်ယူစုဆောင်းနေကြသည့်သူများလည်း ရှိလာသည်ဟု ဆိုသည်။

    “အရင်ကဆို KNU, PDF တွေပဲ ဒီတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတာရှိတယ်။ အခု မွန်ပြည်သစ်ပါတီ (AD) ကလည်း ပါလာပြီးဆိုတော့ တိုက်ပွဲအကြီးကြီးတွေ ဖြစ်လာဖို့ရှိတယ်။ ဒီအပေါ်မှာ စိုးရိမ်ကြပြီးတော့ ဆန်တွေ ရိက္ခာတွေ ဝယ်ယူစုဆောင်းတဲ့သူတွေလည်း ရှိပါတယ်။ မကြာခင် (မွန်ဒေသမှာ) စစ်ပွဲအကြီးကြီးတွေဖြစ်တော့မယ်လို့ တွက်ဆနေကြတာပါ” ဟု ကမာဝက်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    လက်ရှိအခြေအနေအရ မွန်ပြည်နယ်အတွင်း အခြေစိုက်သည့် တော်လှန်ရေးအင်အားစုများ ပိုမိုများပြားလာခြင်းနှင့် စစ်ရေးအတွေ့အကြုံများ ပိုမိုရရှိလာကြသည့်အတွက် ယခုနှစ်အတွင်း စစ်ရေးအရ အရှိန်မြင့်လာမည့် အခြေအနေတွင်ရှိသည်ဟုလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts