Homeသတင်းစစ်ကောင်စီ၏ လုပ်ရပ်အားလုံးကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ကြရန် KNU တိုက်တွန်း

စစ်ကောင်စီ၏ လုပ်ရပ်အားလုံးကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ကြရန် KNU တိုက်တွန်း

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄။

တရားမဝင်သည့် စစ်ကောင်စီ၏ လုပ်ရပ်အားလုံးကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက် သွားကြရန် မျိုးဆက်သစ်လူငယ်များအား တိုက်တွန်းပြီး တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နှင့် ၁၃ ရက်တို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်နေ့ရက်အဖြစ် စစ်ကောင်စီက သတ်မှတ်ထုတ်ပြန် ခဲ့သည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU မှ ယနေ့ရက်စွဲဖြင့် သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ယင်းကဲ့သို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက အသက်သွင်းလိုက်သည့် အဆိုပါ ဥပဒေများသည် တစ်နိုင်ငံလုံးအား စစ်နွံအတွင်း နက်ရှိုင်းစွာ ကျရောက်စေဖို့နှင့် စစ်အာဏာရှင် သက်ဆိုးရှည်စေသည့် လုပ်ရပ်များဖြစ်သည့် အတွက် ပြည်သူလူထုများ လိုက်နာရန် မလိုအပ်သလို KNU အနေဖြင့်လည်း ဆန့်ကျင်ကန့်ကွက် သည်ဟု သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မျိုးဆက်သစ်လူငယ်များနှင့် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ စစ်ကောင်စီ၏ မတရားထုပ်ပြန်ထားသည့် ဥပဒေအကောင်အထည်ဖော်မှု လုပ်ငန်းများတွင် မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှုများဖြင့် ဆန့်ကျင်ခြင်းနှင့် တော်လှန်ရေး အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခြင်းစသည့် ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းများ၌ ပူးပေါင်းလုပ်ဆောင်ကြဖို့ KNU က တိုက်တွန်းထားသည်။

လက်ရှိမြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှသာလျှင် စစ်တပ်၏ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်၊ ဖိနှိပ်အုပ်ချုပ်၊ သွေးခွဲ၊ သတ်ဖြတ် နေမှုများနှင့် နိုင်ငံကို စစ်တလင်းပြင်အဖြစ် ဖန်တီးနေမှုများ ချုပ်ငြိမ်းစေမည်ဟု ဆိုသည်။

လက်ရှိအခြေအနေအရ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလိုက်ပြီးနောက် ဗမာစစ်တပ်တွင် စစ်မှုမထမ်းလိုသည့် လူငယ်အများအပြား ပြည်ပနိုင်ငံများသို့ ထွက်ခွာလျှက်ရှိကြသလို တော်လှန်ရေးအင်အားစုများထံ ဝင်ရောက်ခိုလှုံဖို့ ချိတ်ဆက်နေသည့်လူငယ်များလည်း ရှိသည်ဟု သိရသည်။

Photo – KNU

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts