Homeသတင်းပေါင်တွင် ရဲတပ်ဖွဲ့က အရပ်သားတစ်ဦးကို ပစ်သတ်

ပေါင်တွင် ရဲတပ်ဖွဲ့က အရပ်သားတစ်ဦးကို ပစ်သတ်

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့ ဇင်းဘာရပ်ကွက်နေ အရပ်သား အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အသက် ၃၀ နှစ်ဝန်းကျင်အရွယ် ကိုအောင်နိုင်ဝင်းကို ရဲတပ်ဖွဲ့တို့က ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးစဉ် ကိုအောင်နိုင်ဝင်းက ထွက်ပြေးရန် ကြိုးပမ်းသည်ဆိုပြီး ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“နေ့လည်ပိုင်းလောက်မှာ ကိုအောင်နိုင်ဝင်းရဲ့အိမ်ကို ရဲတွေ လက်နက်အပြည့်အစုံနဲ့ ရောက်လာပြီး ချဲထီဝင်ဖမ်းတာကို ကိုအောင်နိုင်ဝင်းက ထွက်ပြေးလို့ ရဲတစ်ယောက်က သေနတ်နဲ့ လှမ်းပစ်လိုက်လို့ ကျည်ထိမှန်ပြီး သေဆုံးသွားတာပါ” ဟု ဇင်ဘာရပ်ကွက်နေသူတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုအောင်နိုင်ဝင်းသည် ဦးခေါင်းနှင့် နောက်ကျော ကျည်ဖောက်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ဒေသခံတို့၏အဆိုအရ ကိုအောင်နိုင်ဝင်းတို့ လင်မယားသည် အနေအေးသူများဖြစ်ပြီး ယခုဖြစ်စဉ်အတွက် ကျေးရွာဘုန်းကြီးတွေအပါအဝင် ဒေသခံတို့က မကျေမနပ်ဖြစ်နေကြသည်ဟု သိရသည်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်မှာတော့ အကြမ်းဖက်အဖွဲ့ဟု ယူဆရသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့မှ ဝင်ရောက်ရှာဖွေစဉ် ကိုအောင်နိုင်ဝင်းသည် ထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရေးသားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းကလည်း ပေါင်မြို့နယ်၊ မုတ္တမမြို့၊ ကျွဲခြံကျေးရွာ ပေါင်-သထုံ ခရိုင်ချင်းဆက်လမ်းတွင် ဘိန်းစာရွက်များတင်ဆောင်လာသည့်ကားကို ရဲတပ်ဖွဲ့မှ တားဆီးစဉ် ထွက်ပြေးသည့်အတွက် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာမှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts