Homeသတင်းရေးတွင် စားသောက်ဆိုင်ပိုင်ရှင်အပါ ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ရေးတွင် စားသောက်ဆိုင်ပိုင်ရှင်အပါ ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

-

မွန်ပြည်နယ်၊ ရေးမြို့နယ်က စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို ငွေကြေးထောက်ပံ့နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရေးမြို့နယ်၊ အစင်းကျေးရွာထိပ်ရှိ ရွှေတောင်ကြီး စားသောက်ဆိုင်ပိုင်ရှင် ကိုနေပိုင်နှင့် ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီတပ်တို့က ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့် က ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ယင်းနေ့ ည ၇ နာရီအချိန်ခန့်တွင်လည်း ဇီးဖြူသောင်ကျေးရွာက လင်မယား ၂ ဦးကိုလည်း စစ်ကောင်စီတပ်တို့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသည့် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ရေးရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေပြီး မိသားစုဝင်တို့နှင့် အဆက်အသွယ်မရသေးဘူးလို့လည်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်တို့က မွန်ပြည်နယ်အတွင်းက ပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးလာခဲ့ပြီး အများစုကိုလည်း အကြမ်းဖက်ဥပဒေပုဒ်မတွေနှင့် အမှုဖွင့်အရေးယူးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း သံဖြူဇရပ်မြို့ခံ အယောက် ၅၀ ထက်မနည်းကို PDF တပ်ဖွဲ့ကို ထောက်ပံ့သည်ဆိုပြီး ဖမ်းဆီးခံခဲ့သည်။

ဖမ်းဆီးခံရသူများအနက်မှ ၂၀ ဦးခန့်ကို စစ်ကောင်စီတပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အမှုဖွင့်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၈၀၀ ကျော်အထိ ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts