spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းသထုံမြို့နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့ဥက္ကဌတစ်ဦး ဖမ်းဆီးခံရ

    သထုံမြို့နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့ဥက္ကဌတစ်ဦး ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စောစုစုထွေးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

    ဒေါ်စောစုစုထွေးကို သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်ရှိ ၎င်းနေအိမ်တွင် စစ်ကောင်စီတပ်တို့က ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

    “မစုထွေးက သူ့အဖွဲ့မှာ ပရဟိတအတူတူလုပ်ခဲ့ဖူးတဲ့ PDF တစ်ဦးရဲ့ ပို့စ်အောက်မှာ “အမြန်ဆုံးပြန်လည်ဆုံတွေ့ပါစေ” ဆိုတဲ့ သဘောထားမှတ်ချက် ရေးသားထားတာကို PDF အားပေးတယ်ဆိုပြီး ဖမ်းသွားတာ” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

    ဒေါ်စောစုစုထွေး သဘောထားမှတ်ချက်ရေးသားထားခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တို့တွင် ဒေါ်စောစုစုထွေးကို ဖမ်းဆီးပေးရန် လှုံ့ဆော်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တို့က ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    “ဒေါ်စောစုစုထွေး Comment ရေးတာကို ဘယ်စစ်လော်ဘီတွေကမှ စောင့်ကြည့်နေတာမဟုတ်ဘူး။ သူ့ကို မလိုသူတွေက SS ရိုက်ပြီး စစ်လော်ဘီ Account တွေမှာ သွားတိုင်ထားတာမျိုးလို့ ယူဆပါတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။

    လတ်တလော ဒေါ်စောစုစုထွေးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်းနှင့် ၎င်းနှင့်လည်း အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် PDF သတင်းများ မျှဝေနေသည်ဟုဆိုကာ မော်လမြိုင်မြို့ခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး အမှုဖွင့်ထားသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks