Homeသတင်းမော်လမြိုင်တွင် စက်သုံးဆီပြတ်လပ်နေသည့်အတွက် ပြည်သူများအခက်တွေ့

မော်လမြိုင်တွင် စက်သုံးဆီပြတ်လပ်နေသည့်အတွက် ပြည်သူများအခက်တွေ့

-

နိုဝင်ဘာ ၁၄၊ ၂၀၂၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တို့တွင် ဆီပြတ်လပ်မှုဖြစ်ပွားနေသည့်အတွက် ပြည်သူများ အခက်အခဲကြုံတွေ့နေကြရသည်ဟု မြို့ခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ညောင်ခါးရှည် (X Ray) စစ်ဆေးရေးဂိတ်တွင် ယာဉ်ကြော်ပိတ်ဆို့မှုဖြစ်ပေါ်ပြီး မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီတင်ယာဉ်များ ရောက်မလာနိုင်သည့်အတွက် စက်သုံးဆီပြတ်လပ်ခြင်းဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်တို့က ပြောသည်။

စက်သုံးဆီအရောင်းဆိုင်တို့တွင် ဆီပြတ်လပ်နေသည့်အတွက် ဆီဖြည့်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည့်အတွက် လိုရာခရီးရောက်ရန် အချိန်နှောင့်နှေးမှု ကြုံတွေ့နေရကြောင်း အထူးသဖြင့် ကားသမား၊ ဆိုင်ကယ်သမားများအတွက် ပိုးပြီးအခက်အခဲဖြစ်စေသည်ဟု ကားသမားတစ်ဦးက ပြောသည်။

“ဆီကလေ ရှာရခက်နေတာ တစ်ပတ်လောက်ရှိပြီး။ တန်စီးရ စောင့်ရနဲ့ပဲ အချိန်ကုန်တယ်။ နယ်မှာထက်စာရင် မြို့ပေါ်မှာ ပိုရှာရခက်တယ်။ လိုချင်သလောက်တော့ ရောင်းပေးပေမယ့် လိုချင်တဲ့အချိန် ဝယ်မရဘူး။ အလှည့်ကျနဲ့ဆိုတော့ ကိုယ့်အလှည့်ရောက်ဖို့ စောင့်ရတယ်” ဟု ၎င်းကားသမားက ပြောသည်။

စက်သုံးဆီပြတ်လပ်နေသည့်အတွက် မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့ အရောင်းအဝယ်ရပ်နားထားရသည်လည်းရှိနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts