Homeသတင်းကချင်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် လက်နက်ကိုင်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ ကန့်ကွက်ရှုတ်ချ

ကချင်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် လက်နက်ကိုင်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ ကန့်ကွက်ရှုတ်ချ

-

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက်ကျေးရွာ စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် KNU၊ CNF DPNS၊ MSRF၊ CRPH၊ NUG၊ NLD စသည့် လက်နက်ကိုင်နှင့် တော်လှန်ရေးအဖွဲ့အစည်းတို့က ကန့်ကွက်ရှုတ်လိုက်သည်။

အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီခွဲခန့်အချိန်ခန့်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးအပါအဝင် အမျိုးသမီး၊ အမျိုးသား ၂၉ ဦးသေဆုံးပြီး ၅၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဘက် ကလေးသူငယ်ဟူ၍ ခွဲခြားမှုမရှိ၊ ပြည်သူလူထု အသက်အိုးအိမ် ထိခိုက်အသက်ဆုံးရှုံးမည်ကိုလည်း လုံး၀ငဲ့ညာခြင်းမရှိဘဲ အင်အားအလွန်အကျွံသုံး ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခြင်းသည် စစ်ရာ၀တ်မှုကို ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်၍ ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ခဲ့သည်။

စစ်ရာဇဝတ်မှုများကို မရပ်မနား ဆက်လက်ကျူးလွန်သော အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အမြန်ဆုံးနှင့် အထိရောက်ဆုံးအရေးယူဆောင်ရွက်ပေးရန်နှင့် နိုင်ငံတကာဆက်ဆံရေးအခင်းအကျင်းတွင် စစ်ကောင်စီကို နေရာပေးခြင်း၊ ငွေကြေး၊ လက်နက်ခဲယမ်းများ ဆက်လက်ရရှိရေးအတွက် နည်းမျိုးစုံဖြင့် ပံ့ပိုးနေမှုများ အကာအကွယ်ပေးနေခြင်းများကို ရပ်တန်းကရပ်ရေးအတွက်လည်း ကေအဲန်ယူက တိုက်တွန်းထားသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ကလည်း အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်အပေါ် လူမဆန်သည့် လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပြီး ၎င်းတို့လုပ်ရပ်အပေါ် တာဝန်ယူရမည်ဖြစ်သည်။

စစ်ကောင်စီတပ်၏ အရပ်သားပြည်သူတွေအပေါ် လူမဆန်သည့် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေသည်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ထုတ်ပြန်ထားသည်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Kachin Human Rights Watch -KHRW) ကလည်းစစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်းနှင့် စစ်ကောင်စီ၏ မတရားအကြမ်းဖက်မှုကို ပံ့ပိုးကူညီပေးနေသောအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို ထိထိရောက်ရောက်အရေးယူဆောင်ပေးရန် ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်ဦး CNF ကလည်း စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုများကို ကျူးလွန် ချိုးဖောက်သည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ကျူးလွန်နေပြီး စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့်ကန့်ကွက် အပြစ်ပေးကြရန် တောင်းဆိုထုတ်ပြန်ထားသည်။

အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှုမြောက်ခြင်းကြောင့် နို်ငငံတကာက စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်နှင့် တော်လှန်ရေးအဖွဲ့အစည်းတို့က ထုတ်ပြန်တောင်းဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts