spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် စမ်းသပ်သန်းခေါင်စားရင် စကောက်

    မွန်ပြည်နယ်တွင် စမ်းသပ်သန်းခေါင်စားရင် စကောက်

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာသုံးခုတို့တွင် စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ခံနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    မော်လမြိုင်မြို့ရှိ စျေးကြိုရပ်ကွက်၊ အောက်ကျင်းရပ်ကွက်နှင့် ဖားအောက်ကျေးရွာတို့တွင် အောက်တိုဘာလ ၁ ရက်နေ့မှစပြီး စမ်းသပ်သန်းခေါင်စာရင်း တစ်ပြိုင်နက်တည်း ကောက်ခံနေခြင်းဖြစ်သည်။

    “သူတို့က မကောက်ခင်မှာ ကြိုတင် သတိပေးထားတယ်။ သန်းခေါင်စာရင်းကောက်ချိန်မှာ အိမ်မှာနေပေးဖို့။ တကယ်လို့ သူတို့ကောက်တဲ့အချိန်မှာ အိမ်မှာ မရှိရင် ဆိုင်ရာထွေအုပ်ရုံးသွားပြီးတော့ အကျိုးအကြောင်းပြောရတာပေါ့။ တစ်ယောက်မကျန် သူတို့ သေချာစစ်တယ်။ စာရင်းအတိကျ လိုချင်မှာပေါ့” ဟု မော်လမြိုင် စျေးကြိုရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

    စမ်းသပ်သန်းခေါင်စာရင်းကို တစ်အိမ်တက်ဆင်းပြီး Mobile Tablet အသုံးပြုကာ CAPI စနစ်ဖြင့် ကောက်ယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    “ဒါက စမ်းသပ်သန်းခေါင်စာရင်းပဲ မော်လမြိုင်မှာ အရင်စပြီး စမ်းသပ်ကြည့်တာပေါ့။ ကောက်တဲ့အဖွဲ့မှာ ပညာရေးဝန်းထမ်းတွေ ပါတယ်။ ပြီးတော့ ကျေးလက်ကျန်းမာရေးအဖွဲ့တွေလည်း ပါလာတယ်။ ကောက်မဲ့အဖွဲ့တွေအတွက် စစ်ကောင်စီတပ်သားတွေ လုံခြုံရေး ပေးနေတာ ရှိတာတယ် ဒါပေမယ့် စစ်ဝတ်စုံ အပြည့်နဲ့တော့ မဟုတ်ဘူး” ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

    ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၆ ဒသမ ၂ သန်းရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    စမ်းသန်းသန်ခေါင်စာရင်းကို နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၂၀ မြို့နယ်တို့တွင် စာရင်းကောက်ကွက် (၁ဝဝ) သတ်မှတ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်ပြိုင်နက် ကောက်ယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေခြင်းဖြစ်သည်။

    စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုမှ ရရှိလာသည့် လူဦးရေစာရင်းများကို အခြေခံပြီးမှသာ မဲစာရင်းပြုစုမည် ဖြစ်ကြောင်း၊ ပြီးမှသာ ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks