Homeသတင်းမော်လမြိုင်တွင် ပန်းရံသမားအချင်းချင်းရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

မော်လမြိုင်တွင် ပန်းရံသမားအချင်းချင်းရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ တောင်ရိုးတန်းအတက်လမ်း၊ ဓမ္မဇေယျုံဘုန်းကြီးကျောင်းအနီးတွင် ပန်းရံအလုပ်သမားနှစ်ဦး အချင်းချင်းရန်ဖြစ်ကြရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဩဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက ဓမ္မဇေယျုံဘုန်းကြီးကျောင်းအနီး အုတ်စီရေမြောင်းလုပ်ကိုင်နေသည့် လုပ်ငန်းခွင်မှ ပန်းရံအလုပ်သမားတစ်ဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ် နေထက်လင်းသည် အရက်သောက်ပြီး ပန်းရံအတူ လုပ်နေသည့် အသက် ၃၄ နှစ်အရွယ် မြင့်သန်းဆိုသူအား ဆဲဆို၍ ခေါက်ဓားဖြင့် ခြေထောက်လှီးခဲ့ကြောင်း သိရသည်။

ယင်းနောက် နေလင်းထက်မှ ထပ်မံရန်ပြုသဖြင့် လုံးထွေးနေစဥ် မြင့်သန်းမှ ဘိလပ်မြေအိတ် ဖောက်ရန် အသင့်ဆောင်ထားသော အရိုး လေးလက်မ၊ အသွား ငါးလက်မခန့် ဓားဖြင့် နေလင်းထက်အား ထိုးသွင်းခဲ့ကြောင်း ဆိုသည်။

ဓားဖြင့် ထိုးသွင်းခံရမှုကြောင့် နေထက်လင်းသည် ဘယ်ဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဘယ်ဘက် ဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “နှစ်ယောက်လုံးက တခြားနယ်ကလို့ သိရတယ်။ မြင့်သန်းကိုတော့ လူသတ်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်” ဟု ပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် မြင့်သန်းအား (ပ)၈၀/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ (အမှုကြီးအမှတ်စဉ် ၄/၂၀၂၃)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts