spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းဇမိမြစ်ရေတိုးလာလို့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်၊ လူအချို့ပြောင်းရွှေ့

    ဇမိမြစ်ရေတိုးလာလို့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်၊ လူအချို့ပြောင်းရွှေ့

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇမိမြစ်ရေ တိုးလာသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတို့တွင် ဇူလိုင်လ ၆ ရက်နေ့ကစပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ကြာအင်းဆိပ်ကြီးမြို့ပေါ် ရပ်ကွက်တို့မှ အိမ်ထောင်စု ၁၅၀ ကျော်တို့မှ လူဦးရေ ၅၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ဇမိမြစ်ရေသည် သြဂုတ်လ ၈ ရက်နေ့နံနက်ပိုင်းအထိ ပေ ၃၀ အထက်ရှိနေသေးကြောင်း မိုးဆက်လက်ရွာသွန်းနေသေးသည့်အတွက် ရေပြန်ကျသွားခြင်းမရှိသေးကြောင်း ဆိုသည်။

    “ဇမိမြစ်ရေ မနေ့ကလောက်မှာပဲ ရှိနေပါတယ်။ ရေက တက်လိုက် ကျလိုက် မိုးကလည်း အဆက်မပြတ်ရွာနေတယ်ဆိုတော့ ရေရဲ့အနေထားက ငြိမ်နေမယ့် သဘောပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ကြာအင်ဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်မှစပြီး မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် ဝင်းရော်မြစ်၊ ဇမိမြစ်ရေများ လျှံတက်လာကာ အနိမ့်ပိုင်းရပ်ကွက်ကျေးရွာများနှင့် မြစ်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်ကျေးရွာတို့တွင် ရေဝင်ကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

    မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ၊ မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks