spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းကုန်ပစ္စည်း ပြတ်လပ်လာမည်ကို ကြားအင်ဆိပ်ကြီးဒေသခံများ စိုးရိမ်နေ

    ကုန်ပစ္စည်း ပြတ်လပ်လာမည်ကို ကြားအင်ဆိပ်ကြီးဒေသခံများ စိုးရိမ်နေ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနယ်ကြား ဆက်သွယ်ထားသည့် ချောင်းနှစ်ခွတံတားတွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ကုန်တင်ကားများနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာမှု နည်းပါးလာသည့်အတွက် ဒေသတွင်း ကုန်ပစ္စည်းများ ပြတ်လပ်လာမည်ကို ကြာအင်းဆိပ်ကြီးဒေသခံတို့က စိုးရိမ်နေကြကြောင်း သိရသည်။

    ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်ရှိ ဝင်းရောမြစ်နှင့် ဇမိမြစ်ကြားတွင် နေထိုင်ကြသည့် တောင်ပေါက် ဒေသတွင်းရှိ ကျေးရွာများသည် ကုန်ပစ္စည်းအမျိုးမျိုးနှင့် စားသောက်ကုန် သယ်ယူပို့ဆောင်ရာတွင် မုဒုံ-ချောင်းနှစ်ခွလမ်းပိုင်းနှင့် မုဒုံ-တောင်ဒီလမ်းပိုင်းကို အဓိကထား ဖြတ်သန်းသွားလာနေကြရသည်။

    “လူအသွားအလာနည်းတာက ကိစ္စမရှိဘူး၊ ကုန်ပစ္စည်းနဲ့ ကုန်တင်ကားတွေ ထွက်မရရင် ခက်ခဲလာမယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်က မိုးတွင်းဆိုတော့ စားဖို့ ဆန်တွေ စစုကြတယ်။ ရော်ဘာခြံအတွက် မြေသြဇာတွေ အကုန်မှာရတယ်။ ကားမထွက်ရင်တော့ လုပ်ကိုင်စားသောက်ဖို့ကအစ ခက်ခဲလာမယ်” ဟု ကြာအင်ဆိပ်ကြီး မြို့နယ်၊ တောင်ပေါက်ဒေသခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က ချောင်းနှစ်ခွတံတား လုံခြုံရေးဂိတ်နှင့် ချောင်းနှစ်ခွနယ်မြေရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

    ယင်းကဲ့သို့ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ဒေသအတွက် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး ခက်ခဲလာသည့်အပြင် ခရီးသွားလာသည့် ပြည်သူများအတွက်လည်း လုံခြုံမှုမရှိဘူးလို့ ဒေသခံတို့က ပြောသည်။

     “ဟိုတနေ့က ညနေပိုင်းလောက်ရှိမယ်၊ ရွာကို ပြန်ဖို့ ကျွန်တော်တို့ မုဒုံကနေ ထွက်လာတယ်၊ ချောင်းနှစ်ခွ တံတားကို ကျော်ပြီးတော့ သိပ်မကြာလိုက်ဘူး၊ အဲဒီတံတားမှာ ပစ်ခတ်သံတွေ ကြားလိုက်ရတယ်၊ ကံကောင်း တယ်လို့ပဲ ပြောရမယ်၊ အခုက မုဒုံဘက်ကိုတောင် မသွားချင်တော့ဘူး” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    အလားတူ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် (၃၁၈) မှ ဇွန်လ ၂၈ ရက်နေ့က စပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ခလယ်၊ ပုလိန်မြို့ဟောင်း၊ ငြိမ်းချမ်းမြိုင်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်၊ တောဒီစသည့် ကျေးရွာများဘက် လက်နက်ကြီးများဖြင့် နေ့စဥ်လိုလို ပစ်ခတ်နေကြောင်းလည်း သိရသည်။

    ထိုကြောင့် မုဒုံ-တောင်ဒီလမ်းပိုင်းကိုလည်း ပိတ်ဆို့ထားပြီး ယနေ့အထိ ဖြတ်သန်းသွားလာလို့ မရသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks